မာတင်က ဆုကို ချက်ချင်းဖုန်းဆက်လိုက်သည်။
'ဆု ဘယ်ရောက်နေတာလဲ. . '
"ဆုလား . . အခုပဲ အိမ်ပြန်ရောက်တာ"
'ဟုတ်ပြီ အိမ်ရောက်မှ တွေ့မယ်။ ကျွန်တော်လည်း အခုပြန်လာနေပြီ'
မာတင်၏ လေသံမာမာကို ကြားလိုက်ရတော့ ဘာကြောင့်မှန်းမသိ ဆုဆု ဝမ်းနည်းသွားသည်။
>> ဆုဆု. . နင်ကိုယ့်နေရာကိုယ်သိရမယ်. . ။ ဟိုးအရင်ကလည်း ဒီလိုပဲ မာတင် ဟောက်တာမာန်တာ ခံနေကျ မဟုတ်ဘူးလား။ ဒါပေမယ့် အခုလိုမျိုး မာတင်နဲ့ ရင်းနီးလာသလို ရှိပြီးမှ လေစိမ်းတွေ ပြန်တိုက်သလိုမျိုး ဖြစ်လာတော့ ရုတ်တရက် စိတ်မကောင်းဖြစ်သွားမိတယ်<<
စားပွဲပေါ်မှာ မာတင်ပို့ခိုင်းလိုက်သော အဝတ်အစားတွေ ပုံးလိုက် အထပ်လိုက်ကြီးကို ဆုက စိတ်မသက်သာစွာဖြင့် လှမ်းကြည့်လိုက်သည်။
>> မနက်ကထဲက ငါသူ့ကို ကလန်ကဆန်ပြောလို့ သူစိတ်ဆိုးသွားတာ အခုထိ မပြီးနိုင်သေးဘူးထင်တယ်<<
= = =
မာတင်က ကားကို အရှိန်ဖြင့်မောင်းလာရာမှ မီးပွိုင့်တစ်ခုအရောက်တွင်ကားကို ထိုးရပ်လိုက်သည်။
စတီရာတိုင်ကိုလက်ချောင်းလေးများဖြင့် ခေါက်ကာ စဉ်းစားရင်း. . .
မီးစိမ်းသည်နှင့် ကားကို လမ်းကြောင်းပြောင်းကာ တစ်ဖက်သို့ ကွေ့ချသွားလေသည်။
သူအိမ်ကို ပြန်ရောက်တော့ အိမ်မှာ လူသံမကြားရ. . . ဧည့်ခန်းထဲမှာလည်း ဆုဆုမရှိ။
>>သူ ပြင်ဆင်လို့ မပြီးသေးဘူးထင်တယ်<<
အပေါ်ထပ်တက်သွားပြီး ဆုဆုအခန်းရှေ့တွင် ရပ်လိုက်သည်။ တံခါးမခေါက်မှီ တတ်နိုင်သလောက် ဒေါသတွေကို မျိုချလိုက်သေး၏။
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...