အပိုင်း ၂၉

8K 210 1
                                    

ရဲဗညားက ခြေလှမ်းသွက်သွက်များဖြင့် အနောက်ဖက် ပန်းဥယျာဉ်တော်အတွင်းသို့ အပြေးလှမ်းလာနေသည်။

 မင်းကြီး နေမကောင်းဖြစ်ပြီး ၃ ရက်အကြာမှ အခေါ်တော် လွှတ်ခြင်းကြောင့် အရေးကြီးကိစ္စတော့ ရှိပေလိမ့်မည်။ 

ပန်းဥယျာဉ်အတွင်းမှ လရောင်ခံဇရပ်ဆီသို့ ဦးတည်သွားနေခြင်းဖြစ်သည်။ ယခုအချိန်က နေညိုနေစောင်းခါစမို့ လတော့မမြင်ရသေးပေ။

မင်းကြီးကို တွေ့လိုက်ရသည်နှင့် စိတ်အေးသွားသည်။ မင်းကြီးကျန်းမာလျှက် ရှိနေသေးသည်။ 

သို့သော် မင်းကြီးက သိသိသာသာကြီး မျက်နှာတော် ညှိုးငယ်နေ ရှာ၏။ 

မင်းကြီးနှင့် မတွေ့လိုက်ရသည့် ၃ရက်အတွင်း မင်းကြီးမျက်နှာအတော်လေး ချောင်ကျသွားသည်။

>>ကြည့်ရတာ မင်းကြီး အပြင်းအထန်ဖျားနာခဲ့တယ်ထင်ပါ့။ ငါတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတစ်လျှောက်လုံး မင်းကြီးတစ်ခါမှ သည်လောက် မဖျားဘူးပါဘူး။ ဟိုမာယာများတဲ့ မိန်းမ မင်းကြီးကို ဘာတွေများ အကောက်ကြံလိုက်လို့လဲ မသိဘူး<<


"ကျွန်တော် ရဲဗညားထင် မင်းကြီးထံ အခစားဝင်ပါတယ်ဘုရား. . ။ မင်းကြီး ကျန်းမာပါရဲ့လား ဘုရား"

'အိမ်း. ..မော်ဖူးစေ. .'
>>မင်းကြီးကြည့်ရတာ စိတ်နဲ့ လူနဲ့ မကပ်သလိုဖြစ်နေပြီး အခက်တွေ့နေပုံရသည်။ ဤကဲ့သို့ ပြိုင်ဘက်ကင်းတဲ့ ဘုန်းရှင်ကံရှင်ကို ဘယ်အရာကများ စိတ်ထိခိုက်စေပါလိမ့်<<


"ဟာ. . .မင်းကြီး နေမကောင်းဖြစ်ပြီး နာလန်ထခါစကို သေရည်တွေ မှီဝဲနေပါရောလား။ မင်းကြီး ကျန်းမာရေးကို စိုးရိမ်မိပါတယ် ဘုရား"


'ဟဲ့. . .ငဗညား. . .ဘာတွေလာပြောနေတာလဲ. .. ငါဘာမှ နေမကောင်းမဖြစ်ဘူး။ ငါကိုယ်တော် ကိုယ့်အကြောင်းနဲ့ကိုယ် အဆောင်တော်ကနေ အပြင်မထွက်ချင်လို့ ပရိယာယ်ဆင် လိုက်တာဟဲ့'


>>ထင်တော့ထင်သား. . မင်းကြီးက ရုတ်တရက်ကြီး အကြောင်းမဲ့ ဖျားနာစရာတော့ မရှိလောက်ပါဘူးလို့ လတ်စသတ်တော့ ညားခါစ ဇနီးမောင်နှံလို အချစ်စမ်းနေကြတာကိုး. . . <<

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Hikayelerin yaşadığı yer. Şimdi keşfedin