အပိုင်း ၃၂ (က)

4.7K 186 2
                                    

နောက်တစ်နေ့တော့ ဆု ရုံးတက်နောက်ကျသွားသည်။ မနေ့က မေမေ နိုးလာနိုး နိုးလာနိုးနဲ့ ထိုင်စောင့်ရင်း အိပ်ရေးပျက်ခဲ့တာကိုး။ ဆုဆု စီအီးအို၏ ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ မာတင် အလုပ်လုပ်ရင်း ဖုန်းပြောနေသည်။

'ရတယ်. . . ရတယ်. .။ ကျွန်တော်တို့ ဝယ်ဖြစ်တယ်။ အခု ကျွန်တော့် မန်နေဂျာကို လွှတ်လိုက်ပြီ. . .'

မာတင်က အလုပ်ရှုပ်နေတယ်။ 

ဆုကတော့ ကိုယ်ပြောရမယ့် စကားလုံးတွေကို ခေါင်းထဲမှာ တန်းစီရင်း မာတင်၏မျက်နှာကို မျှော်လင့်ရိပ်များဖြင့် ငေးကြည့်နေမိပါသည်။ အလုပ်အကြောင်း ပြောနေတဲ့ သူရဲ့မျက်နှာက ပြတ်သားတင်းမာလှပေသည်။ ရင်ထဲမှာ ဖြစ်လာနိုင်ချေ ရှိသည်များကို ရင်ဆိုင်ရန် တစ်ခုချင်းစီ ရေတွက်ရင်း သက်ပြင်းအခါခါချမိလေ၏။

>မာတင်သာလျှင် ဆုလိုချင်တဲ့ ငွေကြေးပမာဏကို ပေးနိုင်မယ့်သူ၊ ဟိုတစ်ခါက ချေးငွေကိစ္စလည်း သူခွင့်ပြုပေးထားလို့ အဆင်ပြေသွားတာ၊ အခုလည်း ပိုက်ဆံဒီလောက် အများကြီး ချေးဖို့ သူနဲ့ အဲလောက် မရင်းနှီးသေးပေမယ့် ဘာပဲပြောပြော အခုဆုက သူ့ရဲ့ အတွင်းရေးမှုး ဖြစ်နေပြီပဲ ဥစ္စာ။ 

ပြီးတော့ မနေ့က သူဘဲ အကူအညီလိုအပ်တာရှိရင်ပြောလို့ပြောခဲ့တာလေ. . . 

အခုအချိန်မှာ ဆုအတွက် အကူညီ ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည် ဖြစ်စေ အနည်းဆုံးတော့ ကြိုးစားကြည့်ချင်ပါတယ်။<<

ဆုဆု သတ္တိမွေးပြီး၊ မာတင့် စားပွဲ အနီးသို့ လျှောက်လာသည်။ သူဖုန်းပြောလို့ ပြီးသည်နှင့် ဆုဆုက

'မာတင်. . . ကျွန်မကို တဆိတ်လောက် စကားပြောခွင့်ပြုပါ' ။

 "အင်း"

'ကျမ အမေ အသည်းအသန်ဖြစ်နေလို့ အရေးတကြီး ငွေလိုနေလို့ပါ။ ငွေကြေးပမာဏကလည်း များပါတယ်။ အဲဒီ့အတွက် ပိုက်ဆံ ချေးချင်လို့ပါ။ လိုအပ်တဲ့ ပမာဏကတော့ $$$$$ အဲတာ. . တကယ်လို့ ချေးလို့ရမယ့် နည်းလမ်းလေးများ ရှိရင်'

"ရတယ် နည်းလမ်းရှိတယ်။ အဲ့ပိုက်ဆံ ကျွန်တော်ပေးနိုင်တယ်"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ