အပိုင်း (၆၂)

4.3K 177 9
                                    

နန်းတွင်း မီးလန့်မှု ထပ်ဖြစ်ပြန်သည်။

သုဝဏ္ဍဒေဝီမှာ ကိုယ်ဝန်အရင့်အမာကြီးနှင့်မို့ ပို၍ စိုးရိမ်ထိတ်လန့်မိသည်။ မီးတောက်က မင်းကြီးအဆောင်နားဖက်က ဖြစ်သည်။ အတိအကျဆိုရလျှင် ဘဏ္ဍာတိုက်တော်မှ လောင်သောမီး. .

ပြတင်းပေါက်က လှမ်းကြည့်လိုက်လျှင်ပင် ပြဿဒ်ဖျားနားအထိ မြင့်သော မီးညွှန့်ကို မြင်နေရသည်။ မူးမတ်များ နှင့် နန်းတွင်းလုပ်သားများ အားလုံးက ထိုမီးကို အသည်းအသန် အားသွန်ခွန်စိုက် ဝိုင်းဝန်းညှိမ်းသတ်ရန် ကြိုးပမ်းနေကြသည်။

ထိုစဉ်

ဒုန်း. . .

အနောက်ဘက်ရေကန်တော်ဖက်မှ ပြတင်းပေါက်ရုတ်တရက်ပွင့်သွားပြီး . . .

တစုံတယောက်က ပြတင်းပေါက်မှ ကြမ်းပြင်ဆီသို့ လှိမ့်ကာ ဝင်လာသည်။ ထိုလိမ့်ဝင်လာသော အနက်ရောင်အလုံးမှာ အလွန်လျင်မြန်သောကြောင့် ဘာကြီးမှန်း မသည်းကွဲပေ။

မယ်ခရေက ခါးကြားထဲမှ ဓါးရိုးကို ကိုင်လိုက်သည်၊ ရန်သူကို တိုက်ခိုက်ရန် အသင့်အနေအထားပေါ့. .။

 ဒေါ်မြရင်ကတော့ လင်ပန်းကြီးကို ကိုင်ပြီး တခုခုအန္တရာယ်ကျရောက်လာပါက ကောက်ရိုက်မယ့်ပုံ.

တဖြည်းဖြည်းချင်း သုဝဏ္ဍဒေဝီ၏ ခြေတော်နားသို့ ချည်းကပ်လာပြီး အရှိန်လျော့သွားသည်။ အနီးရောက်တော့မှ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေမှန်း သူတို့ သေချာမြင်ကြရသည်။

မယ်ခရေက ထိုသူ၏ အသွင်အပြင်နှင့် ခန္ဓာကိုယ် လှုပ်ရှားမှုကို မြင်သည်နှင့် ချက်ချင်းထအော်လေသည်။

"ဟဲ့ မယ်ညို . . . . နင်မယ်ညို မဟုတ်လား"

မယ်ညိုက ခေါင်းစွပ်ကို ဖယ်လိုက်ပြီး ပြုံးပြလိုက်လေသည်။ သူ့မျက်နှာပေါ်က ကြီးမားသော ဓါးဒဏ်ရာကြီးကို မြင်ရရုံဖြင့် သူမ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတဲ့ ခရီးကြမ်းကို ဖြတ်ကျော်ခဲ့ရမှန်း မေးစရာမလိုအောင် သိသာလှပေသည်။ သူမမျက်လုံးမှာလည်း မျက်ရည်တွေ ဝဲလို့. . .

"ဟယ်. . .မယ်ညို. . မယ်ညို မှ မယ်ညို အစစ်ပါနော်. . ။ မသေကောင်းမပျောက်ကောင်း"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Opowieści tętniące życiem. Odkryj je teraz