အပိုင်း ၆၁ (က)

3.9K 124 2
                                    

ပါဒပြည် မြို့ရိုးတစ်နေရာ. . . .

ရွတ်ဆိုလိုက်သော ဂါထာမန္တာန်ကြောင့် မယ်ညိုတစ်ယောက် ငရဲမီးတောက်ကြီး ပေါက်ကွဲမူမှ သီသီကလေး လွတ်မြှောက်လာခဲ့သည်။

သို့သော် သူမ၏ ခန္ဓာကိုယ်အနှံ့ မီးကျွင်းသည့် ဒဏ်ရာများနှင့် အပြည့်. . ၊ သူ့မျက်နှာမှာလည်း တိဿနှင့်တိုက်ခိုက်စဉ် အငိုက်မိခဲ့သောဓါးချက်ကြောင့် ဒဏ်ရာအကြီးကြီး ရထားသေးသည်။

မြို့ပြင်သို့တော့ ရောက်ပြီ.။ ဒါပေမယ့် လူကတော့ သေလုမျောပါး. . .

တိဿရော ဝန်ရှင်တော်ရော. . ၊ နန်းတွင်းမှာ ရှိရှိသမျှလူတွေ အားလုံးသေသွားကြလောက်ပြီ။

>> ဒါဆို. . .

ငါ့အရှင်သခင်မလေး ဆုဝဏ္ဍဒေဝီ ဘယ်လိုလုပ်မလဲ

သခင်မလေးရော မီးထဲမှာ ဆုံးပါးရပြီလား

ငါဟာ. . .မိုက်မဲလိုက်လေခြင်း

နန်းတော်ထဲ ရောက်ရောက်ခြင်း ဟိုဘုရင်ကြီးကို မသတ်ဘဲ ထိပ်ထားလေးကို အရင်ဝင်ကယ်လိုက်ရမှာ။ ဒါမှ ထိပ်ထားလေး လွတ်မှာ။ အခုတော့ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ

သွားပါပြီ. . . သွားပါပြီ. . .အသက်လည်း ဆက်မရှင်ချင်တော့ပါဘူး။<<

နေဝင်ရီတရောမို့ လေညင်းကလေးတွေကလည်း ဖြည်းဖြည်းချင်းတိုက်ခတ်လာပြီ။ တောင်ခါးပန်းနားက တောရိုင်းပန်းပွင့်ကလေးတွေဆီက ဖုန်တွေလေတွေနဲ့ ရောနေတဲ့ ရနံ့ သင်းသင်းလေးကို ရှုရှိုက်မိသည်။

>>သြော်. . . ငါရဲ့ နေဝင်ချိန်ကလေးက ဒီလောက်ထိ လှပမယ်လို့ မထင်ထားဘူးပဲ<<

သူမက ဝမ်းနည်းပက်လက်နှင့် သူ့ရဲ့ နောက်ဆုံးထွက်သက်လေးကို နေဝန်းကြီးနှင့်အတူ ကုန်ဆုံးသွားရန် ဆုံးဖြတ်လိုက်သည်။

နေက တဖြည်းဖြည်းချင်း အလင်းပျောက်လာသလို ကျေးဌက်တွေကလည်း အလုအယက် အိပ်တန်းတက်ကြပြီ. .။ ထိုအချိန်တွင် နေ၏ အလင်းရောင်ကို အံတု၍ သွေးရောင် မီးလုံးငယ်လေးတစ်ခုကို သူမ မြင်လိုက်ရသည်။ 

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora