အပိုင်း ၂၃ (က)

5.5K 212 3
                                    

နောက်တစ်နေ့ ဆုဆု ရုံးတက်တော့ ဆုဆု စားပွဲက ရှင်းနေတယ်။ 

မန်နေဂျာ မရူပက ဆုကိုလှမ်းအော်သည်။

"နင်ဒီမှာ ဘာလာလုပ်တာလဲ။ ငါကတော့ နင့်ကို ရိုးရိုးသားသားလေးလို့ ထင်ခဲ့တာ မှားသွားပြီ"


ရုတ်တရက် မရူပါက လှမ်းဟောက်လိုက်တော့ ဆုကြက်သီးထသွားသည်။'ရှင် . .အမ ဘာဖြစ်လို့လဲ'


"နင်ဒီဌာနမှာ လုပ်စရာမလိုတော့ဘူးလေ။ နင်ငါ့ထက် ပိုသိမှာပေါ့ . . . မဟုတ်ဘူးလား?"


'မရူပ ဘာတွေပြောနေတာလဲ ညီမနားမလည်ဘူး။'


"သွားသွား.. . ငါ့ရှေ့က မြန်မြန် ထွက်သွားတော့"


'အမ ဆုလည်း ဘာမှအကျိုးကြောင်း မသိရပါလား။ အစ်မညီမကို ဘာလို့မောင်းထုတ်နေတာလဲ ရှင်းပြပါအုံး'


"နင့်ဘာနင် HR ဌာနသွားမေး၊ ဒီမှာလာမရှုပ်နဲ့တော့"


အခြေအနေတွေ ဘာဖြစ်ကုန်တာလဲဆိုတာ ဆုဆု နားမလည်နိုင်၊ ဆုဆုရဲ့ လုပ်ဖော်ကိုင်ဖက် ဒိုင်ယာနာတောင် ဆုဆုကို ဥပက္ခာပြုထားလေသည်။


'အမ၊ ကျွန်မကို ဘာလို့ အော်တာလဲကျွန်မ နားမလည်ဘူး။ ကျွန်မဘာမှားလို့လဲ ပြောပါ။?'


"နင်မမှားပါဘူး။ ငါမှားတာ။ HR ကိုသာ အခုသွားပါ. . သွားစရာရှိတာသွား"


ဆုဆု အပေါ်နူတ်ခမ်းကို ကိုက်ရင်း HR သို့ ဆင်းသွားလိုက်သည်။


မိုးလင်းလင်းခြင်း ရုံးအရောက် ဘုမသိဘမသိနဲ့ မရူပါ၏ မုန့်ဟင်းခါးကျွေးတာ ခံလိုက်ရသည်။ ...


Human Resources Department


မဆောင်းယုေ၀ (နာမည်ပြောင်က : Grim Reaper (ဝိဉာဉ်နူတ်သူ)

သူ မကြည်တဲ့သူမှန်သမျှကို အလုပ်ထုတ်ပစ်တတ်တဲ့ မိန်းမကြီး) Human Resources Department ရဲ့ ဥက္ကဌ

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن