အပိုင်း ၆၁ (ခ)

3.8K 142 4
                                    

သလွန်ပေါ်တွင် သေရည်မှီဝဲရင်း မင်းကြီးက လဒမှိုင်မှိုင်နေသည်။

အတွင်းဝန်က လျှောက်တင်နေသော စကားများကိုလည်း ကြားတစ်ချက်မကြားတစ်ချက်နှင့်

'အမတ်ကြီး ငါကိုယ်တော်မြတ်မှာ ဘာများ ချို့ယွင်းချက်ရှိနေလို့လဲ လျှောက်စမ်းပါအုံးဟဲ့'

တိုင်းရေးပြည်ရေး ဆွေးနွေးနေရင်း အစမရှိအဆုံးမရှိ မိန့်လေသည်။

"မှန်လှပါ အရှင်မင်းကြီးဟာ ဘုန်းတော်ကြောင့် ယောကျ်ားတိုင်းရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ရှင်ဘုရင်အဖြစ်ကို ရတော်မှုပါတယ်ဘုရား။ ချို့ယွင်းချက် မဆိုဘိ သဲတစ်ပွင့်မျှလောက်ပင် အပြစ်အနာအဆာ မရှိကြောင်းပါဘုရား

အမြင့်မြတ်ဆုံးသော အလုပ်ဖြစ်တဲ့ ဆံတော်ရှင် ကျိုက်မျှော်ကဋ္ဋော့ စေတီတော် (ယခုအခါ ကျိုက်မှော်ဝန်း ရေလယ်ဘုရား) အား ဘုရားတည် ကျောင်းဆောက်ခြင်းအမှုတွေကိုလည်း ပြုခဲ့သော သာသနာပြုမင်းမြတ် ဖြစ်ပြန်တာကြောင့် ဘဝအဆက်ဆက် လူဖြစ်က အဆင့်မြင့်သော လူချမ်းသာ၊ နတ်ဖြစ်က သိကြား ဗြဟ္မာ အစရှိတဲ့ နတ်မြတ်နတ်ကောင်းတို့ရဲ့ စည်းစိမ်တို့ကိုလည်း မလွဲမသွေ စံပါယ်ခံစား ရလောက်အောင် ကြီးမြတ်သောကုသိုလ် ပါရမီထူးရပါအုံးမယ်။

ဒါ့အပြင် မင်းကြီးဟာ ယောကျ်ားမြတ်တို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်သည့်အပြင် စစ်ဧကရစ်ဟု အများက တင်စားရလောက်အောင် စစ်ရေးစစ်ရာမှာလည်း ပြိုင်ဘက်မရှိသူ ဖြစ်ပါတယ်ဘုရား။

ဘုန်းတော်ကြောင့် ဖွံ့ထွားခန့်ညားသော ရုပ်ရည်ရူပကာ အဆင်းရှိပြီး ပါဒတိုင်းတတိုင်းလုံးက အကြီးအလတ် အယုတ်အမြတ်မရွေး မိန်းမများဟာ မင်းကြီးကို ချစ်ခင်စုံမက်လှပြီး၊ မိဖုရားအရာကို တမ်းတကြကြောင်းပါ ဘုရား။ ဘုန်းတော်ကြောင့် အရာခပ်သိမ်း အောင်မြင်တော်မှုကြောင်းပါ မင်းကြီး။"

'ဟဲ့ အမတ်ကြီး. . တော်တော့. . .အသင့်ရဲ့ ချီးမွမ်းခန်းတွေ ဖွင့်နေလည်း . . ငါကိုယ်တော်မြတ်နဲ့ မိဖုရားကြားက ပြသနာက မအေးသွားပါလား။ ငါ့လာ ဖြီးဖြန်းမနေနဲ့'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now