အပိုင်း ၇၇ ဇာတ်သိမ်း

14.4K 319 28
                                    

သားဖွားခွဲခန်းအပြင်ဘက်မှာ မာတင်နှင့်အတူ ကိုရဲတို့အဖွဲ့ပါ စိတ်ပူစွာ စောင့်ဆိုင်းနေကြသည်။ လျှောက်လမ်းကပဲ အေးစိမ့်နေလို့လား. . . စိုးရိမ်စိတ်တွေလွန်ကဲနေတာကြောင့်လားတော့ မသိ. .၊ မာတင်၏ လက်များ အေးစက်နေပါသည်။ လက်ချောင်းများကို ဘယ်ညာယှက်ပြီးကျစ်ကျစ်ဆုပ်ကာ အကြိမ်ကြိမ်ဆုတောင်းနေပါသည်။

ဘယ်အရာကို မျှော်လင့်ပြီး ဘာကိုဆုပ်ကိုင်ထားရမှန်းတောင်သူမသိတော့ပါ. .

သေချာတာတော့ ဟိုလူဝင်လာပြီးတဲ့နောက်ပိုင်း ဆုဆုရဲ့ ကျန်းမာရေးအခြေအနေက အများကြီး ပြန်တိုးတက်လာတာ အမှန်ပဲ . .

ထိုစဉ်

မာတင့်ရှေ့တည့်တည့်ကို သားရေဖိနပ်အနက်ရောင်ပြောင်ပြောင် စီးထားသူတစ်ဦးလာရပ်သည်။ မော့ကြည့်လိုက်တော့ စောစောက ကိုလောရင့်စ်ဖြစ်နေသည်။

ကိုရဲကလည်း ဘေးကနေ အလိုက်တသိ ထပေးလိုက်ပါသည်။

'ဟေ့ရောင်. . .ဘာတွေဖြစ်နေတာလဲ. .'

>>ဒီလူဘာလဲဟ ကြောင်တောင်တောင်နဲ့. . သူနဲ့ငါလည်း ဒီလောက်ကြီးရင်းနှီးတာမဟုတ်ဘဲနဲ့. . အာရုံလာစားနေတယ်. .

တော်ပါပြီ ဘာမှမပြောနေတော့ပါဘူးလေ။ စောစောကကိစ္စမှာ ဝင်ကူညီထားလို့ ဘာပဲပြောပြော ကျေးဇူးရှင်ပါပဲလေ. .<<

"အမျိုးသမီးကို စိတ်ပူနေလို့ပါ"

'သိပ်စိတ်မပူပါနဲ့ . .အဆင်ပြေသွားမှာပါ. . .'

"ဟုတ်ကဲ့ပါ. .. ကျေးဇူးပါ။ ဒါနဲ့ ခင်ဗျားကရော ဘာလာလုပ်တာလဲ"

ကိုလောရင့်စ်က ခွဲခန်းဘက်ကို လက်မလေးနှင့် ညွှန်ပြရင်း. .

'ငါစောစောက ပြောထားတယ်လေ . . .မိန်းမ ကလေးမွေးတာလာစောင့်နေတာပါဆို. .'

"အွန်း"

'ဒါနဲ့ . .မင်းက ဘာလေးလဲ'

မာတင်ဘာမှပြန်မဖြေ. . ၊ အဲလို အလာပသလာပတွေကို အရေးတစိုက် ပြန်ဖြေနေဖို့စိတ်က ခွန်အားမရှိဘူး

'သမီးလေးမှတ်လား'


မာတင်က ကိုလောရင့်စ်ဆိုသူကို မျက်စောင်းတစ်ချက်ထိုး၍ ကြည့်လိုက်သည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now