လွန်ခဲ့သောအချိန်အခိုက်အတန့်ကို နောက်ကြောင်းပြန်ရလျှင်
ဝံပုလွေများ လာရောက်တိုက်ခိုက်စဉ် ဆုဝဏ္ဍဒေဝီ၏ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရပြီး မြင်းဟီသံကြားလိုက်ရသည်။ မြင်းလှည်းထွက်ပြေးသည်ကို မြင်သည်နှင့် တိဿလည်း ရှိသမျှ လူအကုန်ကို တိုက်ပွဲတွင် ပစ်ထားခဲ့ပြီး သူ၏မြင်းကို ကဆုန်ပေါက်ကာ လှည်းနောက်သို့ ထပ်ချပ်မကွာ လိုက်လေတော့သည်။
= = =
ထို့နောက် ဆုဝဏ္ဍဒေဝီ ရေတံခွန်ထဲသို့ အကျတွင် အသက်မှီလုမှီခင်ကလေး ရေထဲမှရအောင် ကယ်ထုတ်နိုင်ခဲ့ လိုက်သည်။
သို့သော် ကံဆိုးသည်က စမ်းချောင်းမှာ ညည့်နက်လေ ရေစီးအားသန်လာလေ ဖြစ်လာပြီး သူတို့ ကြိုးစား၍ တက်လာရာ သောင်ကမ်းမှာ ပြန်ရမည့်လမ်း၏ တဖက်တချက်သို့ ရောက်ရှိနေခဲ့သည်။
သည်ညတော့ ဒီဘက်ကမ်းမှာ အိပ်ရတော့မည်။ ဟိုမိန်းကလေးကလည်း တကိုယ်လုံးရွှဲရွှဲစိုကာ အေးစက်လို့. . သတိကောင်းကောင်းမရသေးပေမယ့် ချောင်းတော့ အနည်းငယ်ဆိုးနေတယ်. ။.
လောလောဆယ် အလွန်လေးလံလှသည့် သူ၏ကိုယ်မှ သံချပ်ကာများကို အရင်ချွတ်လိုက်သည်။ ရေခြောက်မှ သံချပ်ဝတ်ရုံကို ပြန်ဝတ်တော့မည်။
>>ဘယ်လိုလုပ်ရမလဲ.. သည်မိန်းကလေးအဝတ်အစားတွေ ရေစိုနေတာ. .ကြည့်စမ်းပါအုံး တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပဲ. . အသားနုတော့ သွေးခြေတွေ ဥနေရှာတယ်. .။
သယ်. . ဒီကျွန်ယုံတွေ အသုံးမကျလိုက်လေခြင်း. .၊ လှည်းတောင် သက်တောင့်သက်သာရှိအောင် ကောင်းကောင်း မတည်ဆောက်နိုင်ကြဘူး။ <<
ဆုဝဏ္ဍဒေဝီ၏ အဝတ်အစားများကိုဆွဲဖယ်ရန် ကြိုးစားလိုက်သည်။ သူမ၏ပုခုံးသားနုနုလေးက လရောင်နှင့်အပြိုင်လှနေသည်။
အနီးကပ်ကြည့်မှ ပိုလှသည်။ မျက်နှာလေးကလည်း ချောလိုက်တာ. .
နူတ်ခမ်းလေးက နီနီဖူးဖူးလေး.. ၊ လေးကိုင်းသဏ္ဍာန်မျက်ခုံးမွှေးနှင့် ကော့ညွှတ်နေတဲ့ မျက်တောင်လေးတွေ. . လရောင်အောက်က ပဒုမ္ပာကြာဖြူပန်းကလေး တစ်ပွင့်လိုပဲ..
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...