အပိုင်း (၅၇) +Warning

14K 190 7
                                    

ပါဒပြည်ကြီးလည်း နေ့တွေမှ လကူး မိုးမှ ဆောင်းအကူး. . .အချိန်တွေရွေ့လျားလာစဉ်မှာ အဖြစ်အပျက်တွေ အများကြီး ဖြတ်သန်းခဲ့ရပါတယ်. .

ဥတ္တရာပပြည်နှင့် ချစ်ကြည်ရေးယူသည့်အနေဖြင့် လက်နက်စင်္ကြာကို မင်းကြီးကိုယ်တိုင် လက်ဆောင်ပဏာအဖြစ် သွားရောက်ဆက်သခဲ့ပြီးနောက်

နှစ်နိုင်ငံ ကုန်သွယ်မူမြင့်မားလာပြီး စီးပွားရောင်းဝယ်ဖောက်ကားမူများ ရှိလာသောကြောင့် ငွေကြေဓနများ လျင်မြန်စွာတိုးတက်လာခဲ့ပါတယ်။

နန်းတွင်း ပင်မဆောင်ကြီး ပြန်လည်တည်ဆောက်မှုအပြီးမှာ မင်းကြီးက ဆုဝဏ္ဍဒေဝီကို မဟေသီဘိသိတ် ခံယူပွဲကျင်းပပေးပြီး မိဖုရားအရာတင်မြှောက်ခဲ့ပါတယ်။

၇ရက် ၇လီ အလှူကြီးပေးကာ ၊ ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲကျင်းပခြင်းဖြစ်သည်။ မိဖုရားကို စတွေ့ခဲ့သော နေရာအနီးမှ ချောင်းကိုလည်း သုဝဏ္ဍနဒီချောင်း (ယခုငမိုးရိပ်ချောင်းဟု ယူဆရသောချောင်း) ဟုမှည့်ခေါ်ခဲ့လေသည်။

တဖက်မှ ဥတ္တရာပတိုင်းတွင် ဉာဏ်တော်အမြင့်မားဆုံးနှင့် တန်ခိုးအလွန်ကြီးသော ဆံတော်ရှင်စေတီကြီး တစ်ဆူကိုတည်၍ ကိုးကွယ်လေရာ၊ တိဿမင်းကြီးလည်း မိမိတို့ ပါဒ ပြည်သူပြည်သားများ ကိုးကွယ်ရန် အလို့ငှာ အများနှင့်မတူ တမူထူးခြားသောရေလည်ခေါင်တွင် ဘုရားတစ်ဆူ (ကျိုက်မှော်ဝန်းစေတီ) ကိုတည်ထားကိုးကွယ်ပြန်လေသည်။

ခေတ္တရာပြည်၌လည်း ပါဒကြီးဘုရားတည်ထားကိုးကွယ်ခဲ့သလို သံလျင်မြစ်ဝှမ်း အနီးတဝိုက်တွင် လည်း ထိုကဲ့သို့ ဘုရားတည်ခြင်း သာသနာပြုခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဘဝအဆက်ဆက် ကုသိုလ်ပါရမီထူးသူ ဖြစ်လာခဲ့ရပြန်လေသည်။

ဤသို့ခြင့် ၃လတာကာလအတွင်း တမဟုတ်ချင်း တိုင်းပြည် အေးချမ်းပြီးစည်ပင်ဝပြောကာ အခြေအနေဆိုးများ ပြန်လည်တည်ငြိမ်သွားခဲ့ပါတော့သည်။

= = = = =

သစ်ရွက်ကြွေတွေကြားထဲက စင်းကျံမြေနီလမ်းကလေးကို ဆုဝဏ္ဍဒေဝီ တစ်ယောက် ဖြည်းဖြည်းချင်း လျှောက်နင်းလာသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Dove le storie prendono vita. Scoprilo ora