တြိယဝင်္ကတိုင်း
တိဿ ဘောဂသေန မင်းကြီး
(ပါဒနိုင်ငံတော်) မဟာသက္ကရာဇ် ၉၈ - ၁၂၄
အပြည်ပြည်မှ မင်းများ၏တပ်များ ကြခတ်ဝရပြည်ကို တိုက်ခိုက်ကြရင်း အတုန်းအရုန်း ကျရှုံးကုန်ရသည့် ရှက်ဖွယ်အဖြစ်အပျက်များအားလုံးကို ဘေးမှစောင့်ကြည့်ရင်း လှောင်ရယ်နေသူ တစ်ဦးမှာ
မွန်မင်းကြီး တိဿ ဘောဂသေန ဖြစ်သည်။ (အမည်မှာ သေနင်္ဂဗျုဟာ စစ်ပညာ အလွန်ကြွယ်ဝသောသူ ဟု အဓိပ္ပာယ်ရပါသည်။)
ဘောဂသေန မင်းကြီးမှာ အခြားမဟုတ်။ သူသည် သုဝဏ္ဍဘူမီတိုင်း တိဿ ဓမ္မမင်းရာဇာ (ခေါ်) သီဟရာဇာမင်း ဘီစီ ( ၆၀၂ - ၅၆၀) ၏ သားတော်ဖြစ်သည်။ မဟာသက္ကရာဇ် ၉၈ ခုနှစ်တွင် ပါဒနိုင်ငံတော် တည်ထောင်ရန် အနောက်မြောက်အရပ်သို့ စေလွှတ်ခြင်းခံရပါသည်။
ပါဒမင်းဆက် ၃၄ ဆက်ရှိသည့်အနက် ပထမဆုံး မင်းဆက်ဖြစ်ပြီး တြိယဝင်္က ခေါ် သံလျင်အရပ်၌ ကိုယ်တိုင် မင်းနေပြည်တော် ထူထောင်ခဲ့သည်။
၄ယူဇနာ ပတ်လည်ရှိသော အရပ်ကို ကျုံးဖြင့် ဝန်းရံလျှက် မြောက်တစ်ယူဇနာတွင် အထရုံမြို့ (ယခုသံလျင်မြို့)၊ တောင်တစ်ယူဇနာတွင် ဂွမ်းမြို့ (ယခု ကျောက်တန်းမြို့)၊ အရှေ့တစ်ယူဇနာတွင် ဒုံစတိုင် (ဝါ) ဍ္ဍုင်သတိုင် (ယခု သုံးခွမြို့) နှင့် အနောက်တစ်ယူဇနာတွင် ဒုံဇိပ်ပြဲ (ဝါ) ဍ္ဍုင်ဇိပ်ပြဲ (ယခု သီလဝါ) မြို့ စသည့် မြို့၄မြို့ ခြံရံသော မြို့တော် တည်လျှက်၊ မဟာသက္ကရာဇ် ၉၈ ခုနှစ် သီတင်းကျွတ်လဆန်း ၈ရက် စနေနေ့တွင် ဘောဂသေန တိဿ သီဟဒီပဓမ္မရာဇာဘွဲ့ကို ခံယူပြီး နန်းတက်ခဲ့သူ ဖြစ်ပေသည်။
အသက် ငယ်ရွယ်သူပီပီ ခွန်အားဗလ ပြည့်စုံသည့်အပြင် စစ်အစီအရင် ၇ပါးကိုလည်း ကောင်းစွာ တတ်ကျွမ်းလေသည်။
အများက စစ်နတ်ဘုရားဟုပင် တင်စားကြလေသည်။ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်မှု ရှိသည့်အပြင် စစ်ပွဲတိုင်းကို သွေးအေးအေးနှင့် အကွက်ကျကျ စီမံတိုက်ခိုက်တတ်သူ ဖြစ်ပေသည်။
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...