အပိုင်း ၄၉

4.6K 156 4
                                    

နောက်တစ်နေ့ နံနက်စာစားချိန်ရောက်တော့ မာတင်က ဆုအရင်စားပြီးနှင့်နေပြီ . .၊


'ဆု. . .မနက်စာ ကျွန်တော်ပြင်ထားတယ်. . .စားလိုက်နော်. . ကျွန်တော်ကတော့ မနက်က အပြင်မှာပြေးပြီး ပြန်လာရင်း ဗိုက်ဆာဆာနဲ့ ကြိုစားနှင့်လိုက်ပြီ'


"ဟုတ်. . ဟုတ်ကဲ့ပါ မာတင်"


မာတင်က ဖာသိဖာသာလေး ပြောပြီး ပြန်ထွက်သွားတာကိုဆုကြည့်ရင်း စိတ်ထဲတစ်မျိုးတော့ ဖြစ်သွားမိသည်။


>>ဆုတို့နှစ်ယောက်က မသိမသာလေး စိမ်းသွားသလိုပဲ. ..၊ စိတ်ထင်တာပဲနေမှာပါ <<


ဆုဆု ဆေးရုံသွားမယ်ပြုစဉ် မာတင်က နောက်ကနေ လိုက်ထွက်လာသည်။


'ဆုဆု . .ဆေးရုံသွားမလို့လား ကျွန်တော်လိုက်ပို့မယ်။ ဆုဆုအမေကိုလိုက်ကြည့်မလို့လေ'


"အယ်. . မလိုပါဘူး။ ဆုဘာသာဆု သွားပါ့မယ်။ အခုလို အမေ့ကိုလိုက်ကြည့်မယ်လို့ ပြောတာကိုတင် ကျေးဇူးတွေတင်နေပါပြီ"


'မဟုတ်တာ ဆုရဲ့။ အဲဒါ ကို့ဆေးရုံပဲလေ၊ ဆုအမေကိုလိုက်ကြည့်ရင်းနဲ့ ဆုအမေအပေါ်ထားထားတဲ့ ကျွန်တော့်ဆေးရုံရဲ့ ဝန်ဆောင်မှုတွေ ကောင်းမကောင်း ကိုယ်တိုင်လိုက်စစ်လို့ရတာပေါ့'


"သြော်. . .ဟုတ်"


ဆုကားထဲဝင်လိုက်သည်။


>> အမေနေမကောင်းလို့ ဆေးရုံကို တူတူသွား ကြည့်ကြသတဲ့လေ။ ဆုတို့ကလေ တကယ့်ချစ်သူတွေ ကျနေတာပဲ။ ဒီလို လိုက်ပို့ပေးနေတာ စီအီးအိုနဲ့ သူ့ဝန်ထမ်းနဲ့ဆိုတဲ့ ပတ်သက်မှုမျိုးမဟုတ်ဘဲ. . . မာတင်ဟာ အခြားလူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်. .ဆုရဲ့ အပျော်တွေက အတိုင်းထက်အလွန် ဖြစ်မှာပေ့ါနော်။ <<


ရုတ်တရက် မနေ့က ပြောတဲ့စကား . . နားထဲမှာ ပြန်ကြားယောင်သွားသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now