အပိုင်း ၆၄

4.3K 176 11
                                    

မိဖုရား၏ ဇာပန အခန်းအနားကို သယ်ဆောင်လာသော အဖွဲ့မှသုသာန်သို့ သွားရာလမ်း။


နွေလေပွေထဲ သစ်ရွက်ခြောက်များက သံလျင်မြစ် ကမ်းရိုးတမ်းတစ်လျှောက်မှာ ဦးတည်ရာမဲ့ ပျံ့နှံနေကြ၏။ မနက်အာရုံဦးတွင် ထွက်ပေါ်လာသော နေမင်းကြီးသော်မှ ပျော်ရွှင်ခြင်းတွေကို သယ်မလာတော့ပါ။ သုသာန်သို့ မရောက်သေးပေမယ့်၊ ခုကတည်းက ရောက်နှင့်နေသလို ပတ်ဝန်းကျင်မှ အရာအားလုံးဟာ အသက်မဲ့စွာ သေဆုံးကုန်ကြပြီလေ။


လောကကြီးဟာ တိတ်ဆိတ်မှောင်မိုက်လို့. . . .ဇာပနအခန်းအနားကျင်းပနေရသော်လည်း၊ လှုပ်ရှားမှု့အားလုံးဟာ တိဿအတွက် အဓိပ္ပာယ်မဲ့. . ညမအိပ်နိုင်သော ညှိုးငယ်ညိုမည်း နေသည့် မင်းကြီးမျက်လုံးများ ငိုစရာမျက်ရည်ပင် မကျန်အောင်။ အပြိုပြို အလဲလဲဖြစ်နေသော စိတ်နှင့် ခန္ဓာက စီးတော်ဆင်ပေါ်ကိုပင် မတက်နိုင်၍ ဝေါယာဉ်ဖြင့် ပင့်လာခဲ့ရသည်။

တိုက်ပွဲ အလီလီ နိုင်ခဲ့ပြီး စစ်ပွဲ အကြိမ်ကြိမ် ပြိုင်ခဲ့သော သံမဏိလို နှလုံးသားပိုင်ရှင်ကြီးကား၊ ယနေ့ မိဖုရားကို မီးသဂြိုလ်ရန် အမှုကို ကိုယ်တိုင် ဆောင်ရွက်ရန် သတ္တိပင်မရှိပါ။

ဘယ်တော့မှ မတွေးဖူးလောက်အောင် အကြောက်ဆုံးအရာကို အမှန်တရားအဖြစ် ရင်မဆိုင်နိုင်သေးပါ. . .

မင်းညီမင်းသား မူးမတ်ဗိုလ်ပါ နန်းတွင်းသူ နန်းတွင်းသားများက တော်ဝင် ဇာပန အခန်းအနားကို ပြင်ဆင်ပေးကြပြီး၊ မီးသဂြိုလ်ရန် နန်းတွင်းထုံးစံအတိုင်း ဆွေးမြေ့ဖွယ် ခရာသံနှင့် ဒိုးသံတို့ဖြင့် အခါတော်ပေးကြလေပါသည်။


အလောင်းစင်တင်ထားသော ထင်းပုံကို မီးတင်ရှို့ရန် အပြု

မင်းကြီးက ရာဇဣန္ဒြေပင်မဆည်နိုင်ပဲ၊ ဝေါယာဉ်ပေါ်မှ အပြေးဆင်းလာပြီး မိဖုရား၏ လက်ကိုဆွဲကာ ရင်ဘတ်စည်တီး ငိုမြည်းလေသည်။

'နှမတော်ရယ်. . . . ဆုဆုရယ်. . .ဆုဆုရဲ့. . . မောင်တော် ဖြေမဆည်နိုင်ဘူး. . . ဖြေမဆည်နိုင်ဘူး. .'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now