အပိုင်း ၃၆

4.3K 170 1
                                    

>>နှမတော်လေး ဆုဆု ဘာများဖြစ်ပြီလဲ<<


မင်းကြီးက ရွှေတိုက်ထဲမှ အပြေးအလွှားထွက်လာသည်။ အပြင်မှာ ဒေါ်မြရှင်က အလွန်ပူပန်နေသော မျက်နှာဖြင့် စောင့်နေသည်။


မင်းကြီးကို တွေ့သည်နှင့် နားအနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။


"မင်းကြီးဘုရား. . .ထိပ်ထားလေး အခု ဝမ်းထဲကအရမ်းအောင့် နေပါတယ်ဘုရား. . အဲ့တာ ထိပ်ထားလေး ကိစ္စအ၀၀ကို သမားတော် မခေါ်စေဘဲ မင်းကြီးကို အရင်လျှောက်တင်ရမယ်လို့ ကျွန်တော်မျိုးမကို မှာထားတာမို့ မင်းကြီးကို လာလျှောက်တာပါ ဘုရား"


မင်းကြီးက 'ဟဲ့ ဗညား. . ရွှေတိုက်ကိစ္စ သေချာစီစဉ်ပြီးမှ ငါ့နောက်ကိုလိုက်ခဲ့တော့ ကိုယ်တော် မိဖုရားဆောင်ကို ကြွနှင့်ပြီ'


ပြောပြောဆိုဆိုနှင့် အထိန်းတော်ကြီး ဒေါ်မြရှင်နှင့်အတူ မိဖုရားဆောင်သို့ သုတ်သုတ်ပြာပြာ ပြေးထွက်သွားလေသည်။ 


လမ်းတွင်

'ဒေါ်မြရှင် . . ဘယ်က စဖြစ်ရတာလဲ ငါ့ကိုလျှောက်စမ်း'


"မှန်ပါဘုရား . . ပွဲတော်အုပ်ကို သုံးဆောင်နေရင်း ဖြစ်ရတာပါဘုရား. . .ကျွန်တော်မျိုးမလည်း ထိပ်ထားလေး ပွဲတော်မတည်ခင် အဆိပ်အတောက် ပါမပါ မြည်းစမ်းကြည့်ပြီးမှ ဆက်သတာပါ ဘုရား" (ငိုလျှက်)


>>အဆိပ်စစ်ပြီးမှ ကျွေးတယ် ဟုတ်လား<<


"တကယ်လို့ ထိပ်ထားလေးများ မတော်တဆ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်မျိုးမ ကိုယ့်ကိုကိုယ် ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူးဘုရား"


'အခုသူ ဘယ်လိုနေလဲ'


"သေကောင်ပေါင်းလဲဖြစ်ကာ အော်ညီးနေကြောင်းပါဘုရား. .. ဘေးနားမှာလည်း မယ်ခရေကို ထားခဲ့ကြောင်းပါဘုရား"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن