ဤသို့ဖြင့် နန်းတော်အတွင်းသို့ မင်းကြီး ပြန်ကြွလာခဲ့သည်။
တိဿ ပြန်လာသည်ဆိုသော သတင်းကို ကြားသည်နှင့် ဆုဝဏ္ဍဒေဝီက မသိမသာ ရင်ထဲကကြိတ်၍ မျှော်နေမိသည်။
>>ငါတောင် သူ့ကိုဒီလောက် သတိရနေရင်. .. သူလည်း နန်းတော်ထဲ ပြန်ကြွလာပြီဆိုတာနဲ့ ငါ့ဆီ အပြေးလေးများ လှမ်းလာလေမလား<<
သို့သော် တိဿက သူမ မျှော်လင့်ထားသလို မိဖုရားအဆောင်တော်သို့ တန်း၍ ကြွချီမလာခဲ့ပါ။ မြစ်ရေလျှံခြင်းနှင့်အတူ ပိုမိုဆိုးရွားလာသော ကပ်ရောဂါဘေးကြောင့် နယ်ပယ်အသီးသီးမှ ဝန်ကြီး၊ ဝန်ထောက်များနှင့်အတူ အရေးပေါ်ညီလာခံပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
တြိယဝင်္ကတိုင်း၏ တော်ဝင် cabinet အတွင်းတွင်. . .
ဥတုဗေဒပညာရှိအမတ်ကြီးက 'သုံးသပ်ချက်အရ မြစ်ရေရဲ့ အလားလာဟာ နောက်ထပ် လပြည့်မတိုင်မှီမှာ တြိယဝင်္ကတိုင်း၏ တိုင်းပြည်တစ်ဝက် ကျော်ကို ရေလွှမ်းတော့မှာ ဖြစ်ကြောင်းပါဘုရား. .'
မင်းကြီးမှ
"ကဲ ဝန်မင်းတို့.. နောင်လပြည့်မတိုင်မှီ စိုးရိမ်ဖွယ်ရာရှိသော ဒေသမှပြည်သူများကို ရက်သတ္တပတ် အချိန်ကာလအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေ. . .၊ ရွှေ့ပြောင်းရန်နေရာကိုလည်း နားခိုဆောင် အင်္ဂါရပ်နှင့်အညီ မိုးလုံလေလုံ အမြန်တည်ဆောက်စေ"
ရိက္ခာတိုက်အမတ်မှ
'မှန်ပါ. . . မြစ်ရေကြီးခြင်းကြောင့် သိုလှောင်ထားသော ကောက်ပဲသီးနှံ စားနပ်ရိက္ခာများ ပျက်စီးကုန်ကြောင်းပါဘုရား။ ရိက္ခာတိုက်မှ ပြည်သူများကိုထောက်ပံ့ပေးနိုင်ပါသော်လည်း နောင်လာမည့် ၃ လအတွင်း ရိက္ခာပြတ်လတ်ပြီး အငတ်ဘေးကြုံနိုင်သောကြောင့် ပြည်သူများသို့မဖြန့်ဝေမှီ ဆင်ခြင်သင့်ကြောင်းပါဘုရား'
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...