နောက်တစ်နေ့ နံနက်ခင်းမှာ ဆုဆုရုံး အစောကြီးသွားလေသည်။
ရုံးခန်းထဲမှာ ဝန်ထမ်း အသစ်များအတွက် ပြင်ဆင်စရာရှိသည်များနှင့် အတူစာအုပ်များပြင်ဆင်နေသည်။
>>စာအုပ်က ၂၃အုပ်ပဲ ရှိတယ်။ လိုတာလေးတွေ စတိုမှာ သွားယူမှနဲ့ တူတယ်။<<
ဆုဆုမှာ စတိုသို့ ဆင်းသွားလိုက်သည်။
အောက်ထပ်မှာ သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေကတော့ ရောက်နေကြပြီ. .
အပေါ်ထပ်မှာသာ လူမရှိသေးတာ။ ရုံးဖွင့်ဖို့ နောက်တစ်နာရီလောက်လိုသေးတာ ဆိုတော့ လျှောက်လမ်းတွေလည်း တိတ်ဆိတ်လို့. .
ဒေါက်ဖိနပ်သံတစ်ချက်ခြင်းစီတိုင်းကို ဟိန်းနေအောင် ကြားရသည်။
စတိုခန်းမှ သက်ဆိုင်ရာ လူများရှိလေမလားဟု လိုက်ရှာသည်။
>>ကြည့်ရတာ၊ မနက်အစောပိုင်းမို့ ရုံးမတက်ကြသေးဘူးထင်တယ်။ ဒါပေမယ့် စတိုတံခါးက လော့မချထားဘူး၊ ပွင့်နေတယ်။<<
ထို့ကြောင့် ဆုဆုလည်း စတိုထဲသို့ ဝင်လိုက်သည်။
ဂလယ်ရီ ကုန်တိုက်ရဲ့ စတိုမှာ အောက်ဆုံးထပ် ၂လွှာတစ်ခုလုံးစာ ကျယ်ဝန်းသည်။ ကုန်တိုက်တစ်ခုလုံးသို့ supply လုပ် (ထောက်ပံ့) ရသော ပစ္စည်းများကို အတန်းလိုက် စင်အမြင့်ကြီးများဖြင့် သိုလှောင်ထားသည်။ ပစ္စည်း အမျိုးအစားအလိုက် ထုပ်ပိုးထားသော ပုံစံများနှင့် ထားရှိရသော အခြေအနေများ မတူကြချေ။
အထူးသဖြင့် အစားအစာများကို သီးသန့် ရေခဲအခန်းများနှင့် အအေးခန်းများဖြင့် သပ်သပ်စီ ထပ်ကန့်ပြီး ထားရှိသေးသည်။ ဆုဆုလည်း စာအုပ်စင် တန်းများရှိရာသို့ လျှောက်သွားလိုက်သည်။
>>တွေ့ပါပြီ instruction manual for new employee (ဝန်ထမ်းသစ်များ လက်စွဲ) စာအုပ်. .<<
ဝှစ်. . .
အနောက်ကနေ အရိပ်တစ်ခု စာအုပ်စင်တွေ ကြားမှ ဖြတ်သွားသည်။
CZYTASZ
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romans"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...