အပိုင်း ၆၀

4.4K 160 4
                                    

မာတင် အိပ်ရာမှ နိူးလာတော့ ကိုရဲကိုတွေ့သည်။ လူနာစောင့်ထိုင်ခုံပေါ်မှာ ထိုင်ရင်း ငိုက်နေသည်။ 

ဆုကို မတွေ့ရတော့ အတော်လေး စိတ်ပျက်သွားသည်။

'ကိုရဲ . . . ဆုရော'

"ဆရာ . .နိူးပြီလား။ . .ဆုဆုရုံးသွားပြီလေ။ ဒီနေ့ ညနေ ယူအက်စ်ဖက်က တောင်းထားတဲ့ စာရင်းတွေ အပြီးပို့ရမှာဆိုတော့ အကုန်လုံး အလုပ်များနေကြတယ်။ ဆရာ ဒီနေ့မှ ဆေးရုံကဆင်းမှာဆိုတော့ မသက်သာသေးရင် ရုံးမလာပါနဲ့။"

'ကောင်းပြီ ကိုရဲ အဆင်ပြေသလိုသာ ကြည့်စီစဉ်ထားလိုက်ပါ။ ကျွန်တော့်ကို လာကြိုဖို့ ဦးကြည်သာကို မှာထားလိုက်လေ'

"ဟုတ်ကဲ့ပါ ဆရာ။ ဒါနဲ့ . .ပြောစရာရှိပါတယ်။ စီစီလျာကို အခုထိ ဖမ်းလို့ မမိသေးဘူး။ ပြီးတော့ အခုတလော အဖြစ်အပျက်တွေ တော်တော် တိုက်ဆိုင်လွန်းအားကြီးတယ်။

မနေ့ညက ဒီပါလည်း ကားအက်ဆီးဒင့်ဖြစ်သွားတယ်။ သူ့ကား ဘရိတ်ပေါက်တာ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ကနေ ဦးဝိစာရအဝိုင်းကို အဆင်းမှာ မီးပွိုင့်ရောက်မှ ဘရိတ်အုပ်လို့ မရမှန်းသိတယ်။ ညဘက် ကလပ်က အပြန်ဆိုတော့ ကားရှင်းနေလို့ ကံကောင်းသွားတာ။ အဲဒါနဲ့ ကားကို လမ်းဘေး ဆွဲချလိုက်တော့ အဲ့နားက သစ်ပင်တွေနဲ့ မြက်ခင်းကြားထဲ ထိုးကျသွားတယ်။ လေအိတ်ပွင့်သွားလို့ လူကတော့ ကြီးကြီးမားမား ဘာမှမဖြစ်လိုက်ဘူး။ ကားကတော့ စုတ်ပြတ်သပ်သွားတယ်။

အဲဒါ သေချာစစ်ဆေးကြည့်တော့ ကားရဲ့ ဘရိတ်ကို ဖျက်ထားတာတွေ့တယ်။ မတော်တဆ ဖြစ်တာ မဟုတ်ဘူး တမင်သက်သက် လုပ်ကြံခံရတာ။ လက်သည် ခုထိမပေါ်သေးဘူး။ ရဲတွေနဲ့ ဆက်လိုက်နေတယ်။

ကျွန်တော်ကတော့ စီစီလျာရဲ့ လက်ချက်ပဲလို့ ထင်ပါတယ်။ အံ့သြတာ တစ်ခုက ဒီပါနဲ့ ကျွန်တော်တို့က ဒလ ပရောဂျက်ကိုလုပ်နေတာလေ။ စီစီလျာနဲ့ ကျွန်တော်တို့က အရင်က US ပရောဂျက်ကို လုပ်နေတဲ့ ဥစ္စာ၊ သူဒီပါ့ ကိုပါ ဘာလို့ဒုက္ခပေးချင်ရတာလဲ မသိဘူး။ စီးပွားရေးကြောင့်တော့ မဟုတ်တာ သေချာတယ်"

'အဲဒီ့ကိစ္စ ဆုဆု မသိစေနဲ့နော်၊ သိသွားရင် ဟိုကောင် မျက်ရည်ချုလို့ ကောင်းနေအုံးမယ်'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Opowieści tętniące życiem. Odkryj je teraz