အပိုင်း ၃၂ (ခ)

4.8K 184 2
                                    

လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် တရားရုံးထဲမှ ဆုတို့ ပြန်ထွက်လာသည်။ ဆုတို့ လက်ထပ်ပွဲက ဂန္ဓဝင်မဆန် မခမ်းနားခဲ့ပါ။ သူတို့စီစဉ်ပေးသော ပွဲတက်ဝတ်စုံကို ကိုယ်စီဝတ်ကာ တရားသူကြီးရှေ့မှောက်တွင် ကျမ်းကြိမ် လက်မှတ်ထိုးခဲ့ကြပါသည်။


တိုးတိုးတိတ်တိတ် လက်မှတ်ထိုးလိုက်ရသည်မို့ အသိသက်သေ နှစ်ယောက်ကလွဲရင် အခြားပရိတ်သတ် လည်း မရှိ၊ ရင်ခုန်စရာလည်းမရှိတဲ့ တကယ့်ဟန်ဆောင် လက်ထပ်ပွဲတစ်ခုပါ။ 

အခုနေ အနားမှာ ဆုမေမေသာ ရှိရင် ဘာပြောမလဲ။ သူ့သမီးက ပိုက်ဆံရဖို့ ဒီလိုတွေ လုပ်နေတယ် ဆိုတာ သိများသိသွားရင် တော်တော်စိတ်မကောင်း ဖြစ်သွားလေမလားပဲ။

'ကဲ. . .လုပ်စရာရှိတာလေးတွေတော့ အကုန်ပြီးသွားပြီ. . . ဘာရယ်မဟုတ်ဘူး အမှတ်တရလေး ဖြစ်သွားအောင် ဓါတ်ပုံလေး ရိုက်ကြမယ်လေ'

>>ကိုရဲကတော့ လုပ်ပြီ. . အရိပ်အကဲနားမလည်ဘူး။ မာတင်က သူ့ဘာသူအလုပ်သဘောအရ လက်ထပ်တာ. .ဒါမျိုးတွေ ဘယ်ကြိုက်ပါ့မလဲ<<


"အေးကောင်းသားပဲ ငါတို့နှစ်ယောက်ကို ရိုက်ပေးလေ"


မာတင်က အဲလို ခပ်အေးအေးပြန်ပြောလိုက်တော့ ဆုဆု နည်းနည်းကြောင်သွားသည်။

 >>ဆုထင်တာက မာတင်ဟာ အဲလိုအရေးမပါတဲ့ အလုပ်နဲ့ မဆိုင်တဲ့ အပိုစာသားတွေကို မကြိုက်တဲ့သူ မဟုတ်ဘူးလား။<<

'တရားရုံးအလယ်က ကျောင်လိန်အုတ်လှေကားဖြူနောက်ခံထားပြီး ရိုက်ကြရအောင်'


ဆုနဲ့ မာတင်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘေးချင်းယှဉ်ရပ်လိုက်ကြသည်။

'အမလေး အနားနည်းနည်းကပ်ကြပါအုံး. . . ပြုံးပြုံးလေးနေကြပါ။ မသိရင် ရဲစခန်းမှာ အဖမ်းခံရလို့ ရိုက်တဲ့ ဓါတ်ပုံကြနေတာပဲ လူတွေကလည်း တောင့်တောင့်ကြီးတွေ. .'


ကိုရဲအတင်းပြောလို့ ဆုတို့ဘေးနားထပ်တိုးလိုက်သည်။ မာတင်က သူ့လက်မောင်းကိုလှမ်းပေးသည်။ ဆုလည်းအလိုက်သင့်လှမ်းချိတ်လိုက်ပြီး အတတ်နိုင်ဆုံးပြုံးလိုက်သည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Opowieści tętniące życiem. Odkryj je teraz