အပိုင်း ၁၆

5.8K 199 1
                                    

ဤသို့ဖြင့် စိတ္တလည်း သူ၏တိုင်းပြည်သို့ ပြန်လာခဲ့ပြီး မောင်ဒီမှာသည့်အတိုင်း ရှင်ဘုရင်အား ငါးကြင်းကို ဆက်သလိုက်လေသည်။


သူတို့အားလုံး အားထားမျှော်လင့်ထားသော မောင်ဒီဆိုသူမှာ သာမာန် တောတွင်းသားလေး တစ်ဦးသာဖြစ်ပြီး မင်းကြီးအတွက် အထူးဆေးဝါးများလည်း မဖော်စပ်ပေးလိုက်ပါ။


သို့ပေမယ့် မင်းကြီး ဆန္ဒရှိသည့်အတိုင်း အပါးပါးသော သမားတော် ဆရာများ၏ ဆေးကို စမ်းသပ်မှီဝဲလိုစိတ် ရှိသည်ဖြစ်ရာ တောတွင်းသားလေး မောင်ဒီ ပေးလိုက်သော ငါးကြင်းကင်ကြီးကို စိတ်ပျက်အားငယ်စွာ ဆက်သလိုက်ခြင်းဖြစ်ပါသည်။


ခေါင်းကိုက် ဝေဒနာခံစားနေရသော ဘုရင်ကြီးရှေ့မှောက်သို့ ပွဲတော်တည်ရန် ငါးကြင်းကင်ကို ကိုယ်လုပ်တော်များမှ ခင်းကျင်း ပြင်ဆင်ပေးနေကြပါသည်။ 


ထိုစဉ် သလွန်ညောင်စောင်းပေါ်တွင် အိပ်နေသောဘုရင်ကြီး၏ နားအတွင်း၌ ကိုက်ခဲနေသော ပိုးကောင်များသည် ငါးကြင်း၏ မွေးရနံ့ကြောင့် အပြင်သို့ ထွက်လာပြီး ငါးကြင်းဆီသို့ သွားကြလေသည်။ 

ပိုးကောင် ထွက်သွားသည်နှင့် ဘုရင်ကြီး မျက်လုံးနှစ်လုံး ချက်ချင်းထပွင့်ပြီး ခေါင်းကိုက်ဝေဒနာလည်း ယူပစ်သလို ပျောက်ကင်းသွားလေသည်။

===


ထိုအချိန်  နန်းတော်ထဲ တဖက်မှာလည်း 


တာဝန်အရသာ မင်းကြီးကို ငါးဆက်သခဲ့ရပြီး အားလုံး၏ ပြက်ရယ်ပြုမှုကို ခံစားခဲ့ရသောစိတ္တက မျက်စေ့မျက်နှာပျက်ကာ ပြန်ထွက်လာခဲ့သည်။ 

ထိုစဉ် အနောက်မှ လှမ်းခေါ်သံ ကြားလိုက်ရသည်။

'မောင်စိတ္တ . . .မင်းကြီးထံကို အမြန် အခစားဝင်စေ' ၊

စိတ္တလည်း မှုးမတ်တို့ အသံကြားသည်နှင့် အနောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။


= = =


၁ လမျှ အကြာတွင် မောင်ဒီရှိရာ မြစ်ကမ်းနံဘေးသို့ မင်းမှုးမတ်များ အနီရောင် သေတ္တာ တစ်လုံးကို သယ်ရင်း ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့ကို ဦးဆောင်သူမှာ မောင်စိတ္တပင်ဖြစ်ပါသည်။ မောင်ဒီလည်း စိတ္တတို့ အဖွဲ့အား တွေ့သည်နှင့် တောထဲမှ ခုန်ထွက်လာခဲ့သည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن