အပိုင်း ၄၅

5.5K 179 1
                                    


ဒီနေ့နံနက်က စနေနေ့. .


မေမေ့ကို ဆေးရုံမှာသွားကြည့်ဖို့ မနက်စောစော ဆုကဖီးလိမ်းပြင်ဆင်ပြီး အိမ်အောက်ထပ်ကို ဆင်းလာသည်။ မာတင်က ထမင်းခန်းရှိစားပွဲတွင် နံနက်စာစားဖို့ အသင့်စောင့်နေသည်။


"လာဆုဆု၊ မနက်စာ အတူစားကြရအောင်"


ဆုဆုခေါင်းငြိမ့်ပြီး မာတင့်အရှေ့မှ ကုလားထိုင်တွင်ဝင်ထိုင်လိုက်သည်။


"ဆု မနက်စာကို ထမင်းကြော်ကြိုက်မလားလို့. .ကျွန်တော် ထမင်းကြော်ပဲလုပ်ထားလိုက်တယ်"


'ကျွန်တော် ?


ဟယ်. . . ဒေါ်မြလေးမလာဘူးလား. .. မာတင်ကိုယ်တိုင်ကြော်လိုက်တာလား'


"ဟုတ်တယ်လေ. . ဒီလိုစနေတနင်္ဂနွေဆို သူမလာဘူး"


>>ဟုတ်သားပဲ. . .မာတင်ပြောထားဖူးတာ. . ဒါဆို ဒီထမင်းကြော်က မာတင့်လက်ရာပေါ့<<


ထမင်းကြော်ကို ကြက်ဥမွှေလေးဖြင့် လိပ်၍အုပ်ထားသည်။ ယောကျ်ားလေးမို့လားမသိ မသပ်မရပ်နှင့် ထောင့်နားလေးမှာ ထမင်းလေးတွေ ချွန်ထွက်နေသည်။ ဘာပဲပြောပြော ဆု စားဖို့ မာတင် ကိုယ်တိုင်ဒီလိုပုံစံရအောင် ကြော်ထားတဲ့ထမင်းက ဆုအတွက်တန်ဖိုးရှိလှပါသည်။


'ဟုတ်လား. .မာတင်က တော်လိုက်တာ ထမင်းကြော်လေးကလည်း မွှေးနေတာပဲ စားကောင်းမယ့်ပုံ'


မာတင်ကချက်ချင်းမျက်နှာလွှဲသွားသည်။ သူ၏ နားရွက်ထိပ်လေးတွေ နီမြန်းသွားတာ သူ့ကိုယ်သူတောင် သိလိုက်မှာမဟုတ်ပါဘူး။ 

ဆုဆုက အချဉ်ရည်ဘူးကို လှမ်းယူလိုက်ကာ မသပ်မရပ်ဖြစ်နေသော ထမင်းကြော် ပန်းကန်လေးကို ပုံဖော်ကာ အလှဆင်လိုက်သည်။

"ဟာ. .Happy Emoji လေး"မာတင့်ပါးစပ်က လွှတ်ခနဲထွက်သွားသည်။ ဆုက အပြုံးမျက်နှာလေး ဖြစ်အောင် အချဉ်ရည်ကို ညှစ်ချလိုက်သည်။ ဘေးသို့ပေါက်ထွက်နေသော ထမင်းလေးတွေက မျက်နှာရဲ့ အမြီးကလေးပေါ့. . .

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora