အပိုင်း (၂၄)

5.5K 218 8
                                    

နောက်တစ်နေ့မှာတော့ ကိုဒီပါက ရုံးတက်ချိန်ကတည်းက ရှိုးစမိုး အပြည့်နဲ့ ရောက်ချလာလေသည်။ ဆုရဲ့ စားပွဲကို ဆိုက်ဆိုက်မြိုက်မြိုက်လာပြီး. .


" ဆုရေ. . .မနေ့က ကျွန်တော်တို့ meeting လုပ်သွားတဲ့ HOLIDAY AMUSEMENT PARK PROJECT ရဲ့ meeting minutes လေး ဆုမှတ်ထားတယ် မှတ်လား"


'ဟုတ်'


ဆုရဲ့ စားပွဲအရှေ့က ထိုင်ခုံမှာ ခပ်တည်တည်နှင့် ဝင်ထိုင်လိုက်ပြီး


"အဲ့တာ ကျွန်တော် တစ်ချက်လောက် ပြန်ကြည့်ချင်လို့ပါ။ ပြီးတော့ ဆု ဒီနေ့ အဲ့တာရဲ့ report ရေးရအုံးမှာ မှတ်လား"


'ဟုတ်တယ်။ ကိုဒီပါက အကုန်သိနေတာပဲ'


"သိတာပေါ့ ဒါဆုတို့ လုပ်ရမယ့် အလုပ်ပဲဟာ။ အဲ့ဒီ့ report မှာ ထည့်ရမယ့် အချက်အလက်တွေ ကျွန်တော့်ဆီမှာ softcopy ရှိတယ်။ ဆု အချိန်ပေးပြီး ရှာနေစရာမလိုဘူး။ ကျွန်တော်ကူညီမယ်"


'ဟုတ် ကျေးဇူးတင်လိုက်တာ ကိုဒီပါရယ်'


ဆုရဲ့ ဘေးက မနှင်းကတော့ ဘာစကားမှ မပြောဘဲ ဆူပုတ်နေသည်။


ဆုလည်း သူ့ကို ဂရုစိုက်မနေတော့ . . ကိုဒီပါကို မီတင် မိနစ်ဖိုင်လေး ပေးလိုက်သည်။ထိုစဉ် ဆုဆုစားပွဲမှ ဖုန်းမြည်လာပါတယ်။


'ဟုတ်ကဲ့ ဥက္ကဌ အတွင်းရေးမှုး စားပွဲကပါရှင်။'


"အေး. ငါ့အခန်းထဲ ခဏလာခဲ့ ကော်ဖီတစ်ခွက်ပါ ယူလာခဲ့", CEO မာတင်ရန်း၏ အသံကိုကြားလိုက်ရသည်။


>>ဟိုက်. . စီအီးအိုရန်း ဘယ်တုန်းထဲက ရုံးခန်းထဲမှာ ရှိနေပါလိမ့်။ ငါရောက်လာကတည်းက ဝင်လာတာ မတွေ့လို့ မလာသေးဘူးထင်နေတာ။ သူဘယ်တုန်းကထဲက ရုံးရောက်နေတာလဲ။ သူတကယ်ပဲ ရုံးအစောကြီး တက်တာလား။<<


ဖုန်းချပြီးနောက်. . အရင်နေ့က အစည်းဝေးခန်းထဲမှာ အော်ခံရတာကို ပြေးမြင်မိသည်။ သူမ စိတ်ထဲမှာ သေလောက်အောင် ကြောက်မိသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Hikayelerin yaşadığı yer. Şimdi keşfedin