"ရိုသေစွာ လျှောက်တင်ပါတယ် မင်းကြီး။ ဆုဝဏ္ဍဒေဝီဟာ ပါဒနန်းတော်ထဲကို ရောက်ရှိလာချိန်မှစ၍ ယခုထက်တိုင် စားတော်ပွဲ မသုံးဆောင်ကြောင်းပါဘုရား။ ယခုဆိုလျှင် စားတော်ပွဲ မစားတာ ၃ နပ်ရှိကြောင်းပါဘုရား"
တိဿက ဖတ်လက်စ ပေစာရွက်ကို ချကာ အရှေ့ကိုကြည့်ပြီး ခပ်အေးအေး ပြောလိုက်သည်။
'အစာ အငတ်ခံနေတယ်ဟုတ်လား။ သူငါ့ကို တွေ့ချင်နေပြီထင်တယ်။
'ဒါ..ငါထွက်မလာလာရအောင် မိန်းမမာယာ သဲကိုးဖြာနဲ့ လှည့်စားတာပဲ'
မတ်တတ်ထရပ်လိုက်ပြီး. .
ရဲဗညားကို မျက်စပစ်ခါ
"ကဲ မိဖုရားဆောင်ကို ကြွမြန်းတော်မှုမယ်" ဟု ခပ်ပြုံးပြုံးလေး မိန့်တော်မှုလိုက်သည်။
= = =
မိဖုရားဆောင်အတွင်းသို့ ရုတ်တရက် မင်းကြီးကြွလာသောကြောင့် အားလုံးထိတ်လန့်တုန်လှုပ် ကျကုန်၏။ မင်းကြီးက စားပွဲပေါ်မှ ဟင်းလျာများကို ခေတ္တစူးစိုက်ကြည့်ကာ ကြမ်းပြင်တွင် ဒူးတုပ်ခစားနေကြသော အခြွေအရံ အစောင့်အရှောက်တို့ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
ကြမ်းပြင်ပေါ်က အုပ်စုကတော့ ဖြူကာပြာကာကျကုန်သည့်အလား. . .
ဆုဝဏ္ဍဒေဝီက ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်ကာ မင်းကြီးလာတာကို နူတ်မဆက်ဘဲ ကျောခိုင်းထားသည်။
သည်နန်းတော်တွင် ဘယ်မိန်းမမှ မင်းကြီးကြွလာသည်ကို ထိုင်မရှိခိုးနူတ်မဆက်ဘဲ မနေရဲပါ။ ရဲဗညားကမျက်စေ့မှိတ်ကာ သက်ပြင်းချလိုက်မိသည်။
>>ဟင်းကတော့ သာမာန် အကျဉ်းသားကျွေးတဲ့ ထောင်ထမင်းထောင်ဟင်းထက် အများကြီးသာပါတယ်။ ဒါပေမယ့် စားတော်ပွဲက အခြေခံကျကျရိုးရှင်းနေတယ်၊ တော်ဝင်မိသားစုတွေ စားတဲ့ထမင်းဝိုင်းလိုတော့ ဘယ်မှီမလဲ.။
မင်းကြီးကို ကြည့်ရတာ ပွဲတော်အုပ်ကို သိပ်ပြီး ကျေနပ်ပုံမပေါ်ဘူး။ ဘာပဲပြောပြော ငယ်ကျွန်တွေ အထောင်းခံရအုံးမယ်ထင်တယ်။
VOUS LISEZ
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Roman d'amour"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...