ထိုစဉ် ရီရီ၏ လက်ကို လူတစ်ယောက်က လှမ်းဖမ်းလိုက်လေသည်။
.
စီအီးအိုရန်. ..
.
ဒီအရောင်းကောင်တာ အတန်းကို ဘယ်အချိန်က ဘယ်လိုရောက်လာမှန်းမသိ. .။
.
ဟိုက်!!!!ဆုဆုပါးစပ်မှ လွှတ်ခနဲထွက်သွားမိသည်။
>ဆုဆုတော့ ဒီနေ့က မှောင်လွန်းအားကြီးသွားပြီ ထင်တယ်။ မန်နေဂျာဆူတာနဲ့တင် မပြီးဘူး။ သူဌေးပါသိသွားတော့ အလုပ်ထုတ်ခံရတော့မယ် ထင်တယ်။ <
ဒါပေမယ့် စီအီးအိုရောက်လာတာကို အံ့သြတာက ဆုဆုတစ်ယောက်ထဲတင် မဟုတ် အရောင်းမန်နေဂျာ မစိမ်းရော၊ ဘေးကအခြား အရောင်းစာရေးမ တွေပါ အံ့သြသွားကြသည်။
.
'ဟေ့၊ ဒီမှာ ငါ့လူတွေကို မင်းရိုက်ချင်သလို ရိုက်ခွင့်မရှိဘူးကွ။ မင်းဆက်လုပ်လို့ကတော့ တရားအစွဲခံရတာထက် ပိုဆိုးသွားအောင် ငါလုပ်ပြမယ်' ဟု မာတင်ရန်မှ အော်လိုက်ကာ ဆောင့်ဆွဲထားသော ရီရီ့လက်ကို ပြန်တွန်းထုတ်လိုက်သည်။
ထို့နောက် အထွေထွေ မန်နေဂျာကိုရဲ ဖက်သို့ ခေါင်းတစ်ချက် စောင်း၍ လှမ်းပြောသည်
"သူ့ရဲ့ VIP membership ကို ဖျက်သိမ်းလိုက်၊ ဒီလိုလူမျိုးကို ငါတို့ ဘာပစ္စည်းမှ မရောင်းနိုင်ဘူး။ ဒီလိုလူမျိုး နောက်မလာစေနဲ့၊ ကိုရဲ မင်းဆက်လုပ်လိုက်တော့"
'ဟုတ်ကဲ့ဆရာ'
အထွေထွေမန်နေဂျာ ကိုရဲက ခေါင်းငြိမ့်ပြလိုက်သည်။ ဂျာရီးက ကိုရဲကို ဝင်ပြောသည်။
'အဲ့တာ တက်သစ်စမော်ဒယ်နော်. .သူ့ကို ကောင်းကောင်းမဆက်ဆံရင် ကျမတို့ကုန်တိုက်နာမည်ပျက်နေအုံးမယ်'
စီအီးအိုက မစိမ်းဘက်ကို လှည့်ပြီး
"သူလား. . . သူပဲ နာမည်ဖျက်ရဲမလား သူလို မော်ဒယ်ပေါက်စက သူများကုန်တိုက်ကို လာပြီး မတော်မတရားလုပ်တယ်ဆိုတာ လူသိရှင်ကြားဖြစ်ပြီး နာမည်ပျက်ရမလား ဆိုတာ စမ်းရဲရင် စမ်းကြည့်ပစေပေါ့. . ။"
CZYTASZ
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romans"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...