နောက်တစ်နေ့မနက်တွင် ဆုဆုက ဖိုင်များထားရာ အခန်းအတွင်းမှ လိုအပ်သည့် စာရွက်စာတမ်း များကို ထုတ်ယူလာသည်။
>> မရူပါက အစည်းအဝေးလုပ်ဖို့ စာရွက်တွေ လူ အယောက် ၃၀ စာပြည့်အောင် မှာထားတာ ဒီတစ်ခါတော့လောက်တယ်။ နောက်အပတ် မီတင်အတွက်ဆိုရင်တော့ မပြည့်တော့ဘူး။ စတိုခန်းထဲ အထိ သွားယူမှရမယ်။<<
မီတင်ခန်းရှိရာသို့ ဖိုင်များကို တပွေ့တပိုက်ကြီး သယ်ယူလာရင်း သူမနှင့် မျက်နှာချင်းဆိုင်မှ ရွှေရောင်ဆံပင် နှင့် ကောင်လေး ချောချောလေးတစ်ယောက် ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ ဆုတို့ မျက်လုံးချင်းဆုံမိကြသည်။ ဆုက ရှက်သွားပြီး မျက်စေ့ကို လွှဲလိုက်သည်။
သို့သော် သူကတော့ ဖုန်းပြောနေ၍ ဆုကို သေသေချာချာ သတိထားမိဟန်မတူပါ။
ဆုဆုမှာ ဖိုင်များကို ပွေ့ရင်း ထိုအမျိုးသား နောက်သို့ မျက်စေ့တစ်ဆုံး လိုက်ငေးမိသည်။ သူမ နှလုံးခုန်သံတွေ အလိုလို စည်းချက်ကျကျ တဖြည်းဖြည်းချင်း မြန်လာသည်။
ဒရမ်မာ ဇာတ်လမ်းတွေထဲကလို နောက်ခံ အချစ်သီချင်းသံလေး မြည်လာသော ခံစားချက်မျိုးပေါ့။
'ချောလိုက်တာ ဟိ. . .' ဆုဆုတစ်ယောက်တည်း ရေရွတ်မိသည်။
>> သူက ဆုဆုရဲ့ နှလုံးသား တံခါးကို အကျယ်ကြီးခေါက်သွားတဲ့ စိတ်ညှိ့ရှင်ပဲ. ။ ဆုဘဝမှာ အချောဆုံးလူကို ပြပါလို့ ပြောရရင်တော့ စီအီးအိုပဲ။
စီအီးအိုရဲ့ ယောကျ်ားပီသတဲ့ ရုပ်ရည်နဲ့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပမှုကိုတော့ ဘယ်သူမှ မမှီဘူးပေါ့။ ဒါပေမယ့် စီအီးအိုက စိတ်ကောင်းမှ မရှိတာလေ. . ။
ဒီကောင်လေးကတော့ ခရုလိုက်တာဆိုတာ ချစ်စရာလေး. .<<
= = =
ထိုအမျိုးသားက ဆုဆု၏ အိမ်မက်ထဲသို့ ထိုညတွင် ရောက်ရှိလာလေသည်။
ဒဏ္ဍာရီလိုလို အိမ်မက်လိုလို. . .
ဒဏ္ဍာရီတွေ နတ်သမီးပုံပြင်တွေနဲ့ မတူတာကတော့ ဆုဆုရဲ့ အိမ်မက်ဇာတ်လမ်းဟာ ငါးကြင်းကြီးတစ်ကောင်နဲ့ အစပြုခဲ့တာပါပဲ။
DU LIEST GERADE
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romantik"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...