ဓါတ်လှေကားထဲသို့ ဆုဆု ဝင်လိုက်သည်။
အခုနောက်ပိုင်း ကားတအားကျပ်လို့ ရုံးစောစောလာဖြစ်နေတာ ကြာပြီ. . ။
ဟိုတစ်ခေါက်ကလို လူသူမရှိတဲ့ အခန်းတွေထဲတော့ တစ်ယောက်ထဲ မဝင်ရဲတော့တာ အမှန်ပါ။ အခုဓါတ်လှေကားမှာ တစ်ယောက်ထဲဖြစ်နေတာတောင် ကြောက်နေပြီ. . .
ဆုက အစက သရဲပဲကြောက်တတ်တာ. . .
နောက်တော့ စတိုဆောင်ထဲက ကိစ္စဖြစ်ပြီးသွားကတည်းက လူပါကြောက်တတ်သွားပြီ. . .။
တီး. . တုန်. . (ဓါတ်လှေကားပွင့်သံ). .
လူမရှိတော့ လှုပ်ရှားသမျှအသံတွေက ခန်းမတစ်ခုလုံး ပဲ့တင်ဟိန်းနေသည်။ ဓါတ်လှေကားတံခါးက ဖြေးဖြေးချင်းပိတ်သွားသည်။
ဘတ်. . . (ဓါတ်လှေကားတံခါးကို အပြင်ကနေ လက်ကြီးတစ်ဖက်နဲ့ လှမ်းတားလိုက်သည်)
'အား. . . ရား း း' (ဆုဆု၏ ငယ်သံပါပါနှင့် အော်သံ)
ဆုလည်း အထိတ်ထိတ် အလန့်လန့်နဲ့ လက်ထဲမှာပါလာတဲ့ ပိုက်ဆံအိတ်နဲ့ အဲ့ဒီ့လက်ကြီးကို
'ဘမ်း'ခနဲ ပိတ်ရိုက်လိုက်လေသည်။
>>ဘယ်သူလဲ. . .ယောကျာ်းလက်ကြီး. ..ဟိုတစ်ခေါက်က လူသတ်သမားက ငါ့ကိုတစ်နေရာရာ ကနေ ချောင်းနေတာများလား. . .ငါတော့ ဒီတစ်ခေါက် မလွတ်တော့ဘူး။ နောက်ဆို ရုံးစောစောမလာတော့ပါဘူး။ ကားအကျပ်လည်း ခံလိုက်ပါတော့မယ်<<
လက်က အနောက်ကို ပြန်ရုပ်သွားပေမယ့် တံခါးကတော့ ပွင့်သွားပါသည်။ ဆုလည်း အသက်ရှုသံတွေ အရမ်းမြန်နေပြီ.. ။
"ဆုဆု. . .ဘာတွေဖြစ်နေတာလဲ"
ဓါတ်လှေကား တံခါးအရှေ့မှာ လက်ဝါးကိုခါရင်း ရပ်နေသော စီအီးအိုရန်းကို တွေ့လိုက်ရသည်။
'သြော်. . စီအီးအိုရန်း ဆု မသိလို့ ဆောရီးပါနော်. . . '
>>ဒုက္ခပဲ ငါတော့ ပြသနာကို မီးထွန်းရှာမိပြီ၊ စီအီးအိုကိုမှ သွားရိုက်မိတယ်။ ငါကိုက အတွေးတွေလွန်ကို လွန်နိုင်လွန်းတယ်<<
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...