အပိုင်း ၇

8.4K 276 8
                                    


မိုးစဲသွားပြီ. .။ ကျောက်ဂူအပေါက်ဝတွင် တိဿက လေချွန်နေသည်။

"ရွီှ. .. . . ရွီှ. . . . . ရွီှ. . . " (လေချွန်သံ အရှည်ကြီး ကြားနေရသည်)

ဆုဝဏ္ဍဒေဝီခမျာ တိဿ၏ အကျီကို ဝတ်ကာ မိမိ၏ အကျီၤ အဝတ်အစားများကို မီးကင်နေသည်။

>>သေချင်းဆိုးကြီး ငါ့အဝတ်တွေ ရေစိုနေလို့ မီးကင်စေချင်တယ် ဆိုလည်း ရှင်းရှင်းလင်းလင်း ပြောတာမဟုတ်ဘူး။ ဒီမှာဖြင့် လန့်လိုက်ရတာ လိပ်ပြာတောင် လွင့်မတတ်ဘဲ <<

= = = 

တိဿက သူ၏အကျီကို ပစ်ပေးသွားပြီး 

"မင်းအကျီၤတွေ မီးနဲ့ လှန်းထားမှ ရတော့မယ်. .မဟုတ်ရင်.မနက်မိုးမသောက်ခင် မင်းဖျားတော့မယ်။ 

ရော့. . ဒီမှာ 

ဒါခဏဝတ်ထားလိုက်. . ငါ အပြင်မှာရှိမယ် လှည့်မကြည့်ဘူး စိတ်ချ"

ထိုသို့ပြောပြီးကတည်းက ဂူရှေ့သို့ထွက်သွားကာ လေချွန်နေပါတော့သည်။

= = =

စင်စစ်မှာ သူမ စိုးရိမ်ပူပန်နေမှန်းသိလို့ တိဿက တမင်နောက်ပြောင်သွားခြင်းသာဖြစ်သည်။ ထိုသို့ ပြက်ရယ်ပြုခြင်းခံရသည်ကို ရင်ထဲမှာ ကလိကလိနှင့် ကျန်ခဲ့ပါတော့သည်။

ဘာပဲပြောပြော အဝတ်စိုများကို ချွတ်၍ အဝတ်ခြောက်ကို ပြန်ဝတ်လိုက်ရသောကြောင့် သူမ အများကြီး သက်တောင့်သက်သာရှိသွားသည်။ မီးပုံဘေးမှာ လှန်းထားသော အဝတ်များ ခြောက်တာ စောင့်ရင်း. . သူမ အိပ်ငိုက်လာသည်။ 

နားထဲမှာလည်း လေချွန်သံကို ကြားနေရင်းနှင့် တဖြည်းဖြည်း အိပ်ပျော်သွားပါလေတော့သည်။

= = =

သူမ အာခေါင်တွေ အရမ်းခြောက်ပြီး နိူးလာခဲ့သည်။ ခန္ဓာကိုယ်က ရုတ်တရက်လှုပ်လို့မရ. .

သူမ မျက်စေ့ဖွင့်ကြည့်လိုက်တော့. . တိဿရဲ့ လက်မောင်းကို သူမက ခေါင်းအုံးပြီး အိပ်နေခြင်းဖြစ်သည်။ ဒင်းက သူမကို အနောက်ကနေ မိုးပြီးဖက်ထားသည်။ ထို့အပြင်သူမ၏ ကိုယ်ပေါ်မှာလည်း စောစောက လှန်းထားသော အဝတ်အစားများကို လွှမ်းခြုံပေးထား၏။သူတို့နှစ်ယောက်ကြားမှာ အဝတ်အစားများခံနေသော်လည်း၊ ယခုကဲ့သို့ တိဿရင်ခွင်ကို ကျောခိုင်းလျှက် လှဲလှောင်းနေရသော အနေအထားမှာ ဘယ်လိုမှ လက်သင့်မခံနိုင်ဖွယ် ဖြစ်နေပါသည်။ 

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora