အပိုင်း ၁၈

5.5K 209 2
                                    

ပျင်းခြောက်ခြောက် နေ့လည်ခင်း တစ်ခုမှာ. . .


ဆုဆု တစ်ယောက်ထဲ အောက်ထပ်က အစည်းဝေးခန်းကနေ ဆုဆုသည် ဖိုင်တွေ အထပ်လိုက်ကြီးကိုပွေ့ကာ မိမိတို့ ဌာနရှိရာ အပေါ်ထပ်သို့ ပြန်လှည့်လာလိုက်သည်။ 


အပေါ်ဆုံးက ဖိုင်၂ခုက လျောပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ 

လက်ထဲမှ ဖိုင်အပုံလိုက်ကြီးကိုလည်း မလွှတ်ဘဲ အောက်ပြုတ်ကျ သွားသော ၂ခုကို ဒူးခေါင်းကွေးပြီး လှမ်းကောက်ရန် ကြိုးစားနေစဉ် . . .

ရွှေဆံပင်လေးနှင့် အမျိုးသားမှ ဖိုင်၂ခုကို ကောက်ယူလိုက်ပြီး၊ ဆုဆုလက်ထဲက ဖိုင်အထပ်လိုက်ကြီးကိုပါ ဆွဲယူလိုက်သည်။ 

ဆုဆုက ထိုသူက မော့ကြည့်ရင်း . .

ဆုဆု: 'ကျေးဇူးအများကြီး တင်ပါတယ်အကို၊ ရပါတယ် ကျမကို ဖိုင်တွေ ပြန်ပေးပါ။ ကျမဘာသာ သယ်သွားပါ့မယ်'


အဲ့ကောင်လေးရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့ အလွန် အပြစ်ကင်းလှသည်။


ကူညီသူ : "ရပါတယ်ဗျာ၊ ကျွန်တော်က မိန်းခလေးတစ်ယောက် မနိုင်မနင်းကြီး သယ်လာတာကို ရပ်မကြည့်နေတတ်ဘူးဗျ၊ အခုဘယ်ကို လိုက်ပို့ရမလဲ" ဟုမျက်လုံးလေးမှေးကာ ပြုံးပြသည်။ 

(တအား ဆွဲဆောင်မှုရှိတာပဲရော်)

ဆုဆု အားနာသွားသည် : ' အာ. . မဟုတ်တာ၊ ကျမက ဒီက admin က ဝန်ထမ်းပါ။ ရုံးခန်းက ဒီနားလေးတင်'


ကူညီသူ: "သြော် admin ကလား. . ဒါဆို အတော်ပဲ ကျွန်တော်လည်း မေးစရာလေး တစ်ခုရှိလို့"ဆုဆု: 'ရှင်. . . သြော် ဟုတ်ကဲ့ ဘာများပြောပြရမလဲ'


"ကျွန်တော်က ဒီက မဟုတ်တော့ ရုံးခန်းတွေ လိုက်ရှာရတာ မူးနောက်နေတာပဲ ရွာလည်နေလို့လေ. .။ အဲတာ ညီမများ အားရင် ကျွန်တော့်ကို လမ်းညွှန်ပေးလို့ရမလားလို့"


'ဟုတ်. . ရပါတယ် ဘယ်ရုံးခန်းကို သွားမှာလဲအကို'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Onde histórias criam vida. Descubra agora