အပိုင်း ၁

42.6K 576 9
                                    


ဂျစ်. . ဂျစ်. ဂျစ်.. ဂျစ်.. .ဂျစ်... (သတ္တုနှင့် ကြမ်းပြင်ပွတ်တိုက်သံ)

အသွားထက်မြပြီး အပြားထူသော ဓါးရှည်၏ ထိပ်ချွန်က ကြမ်းပြင်တစ်လျှောက်ကို တိုက်၍ ခြစ်၍ လာနေသည်။ ဓါး၏ခရီးလမ်းတစ်လျှောက်လုံး သွေးစက်များကျဆင်းလျှက်ရှိရာ ကြမ်းပြင်တွင် အနီရောင်သွေး အကြောင်းလိုက်ကြီးဖြစ်သွားပါတော့သည်။

နန်းဆောင်တစ်ခုလုံးလည်း သွေးရောင်လွှမ်းသွားပြီ .. ၊ ထိုညက လမိုက်ည.. . လမိုက်ညတွေထဲမှာမှ အမှောင်မိုက်ဆုံး လမိုက်ည. . . .

ဆောင်းဦးညတစ်ည၏ လေပြေအေးများ အကြားတွင် ပြသာဒ်ဆောင်မှ လွင့်ကျသော မီးခိုးပြာများ ပျံဝဲလျှက်. .

သည်တစ်ခါတော့ စစ်ရှုံးလေပြီ။ ကြခတ်ဝရံပြည်ကြီး တပါးသူလက်အတွင်းသို့ လုံးဝကျရောက် ပေတော့မည်။ နန်းဆောင်ထဲသို့ ရန်သူစစ်သည်များ တမဟုတ်ချင်း ရောက်ရှိလာကာ မိမိတို့ စစ်သည်များ၏ အသက်ဝိဉာဉ် များစွာကို နူတ်ယူသွားကြသည်။

သုံ့ပန်းများအားလုံးကို နန်းညီလာခံကျင်းပရာ နေရာတွင် ဒူးထောက်ထိုင်ခိုင်းထားပြီး လက်ပြန်ကြိုးတုပ်ခါ ဖမ်းဆီး စုဆောင်းထားသည်။

ထိုတိုင်းပြည်၏ ခေါင်းဆောင် ဘုရင်မမှာလည်း ရန်သူ့လက်အတွင်းသို့ သက်ဆင်းရလေပြီ. . .။ သူမလည်း အခြားသုံ့ပန်းများနည်းတူ လက်ရဖမ်းဆီးခံရပါသည်။ သို့သော် ကံကောင်းသည်က အခြားသုံ့ပန်းများကဲ့သို့ ပါးစပ်ကိုတော့ အဝတ်ဖြင့် ပိတ်ကာချုပ်စီးထားခြင်း မခံရပေ. .။ မာနကြီးလှသော ရှင်ဘုရင်မ တစ်ဦးအနေဖြင့် အရှုံးကို လက်ခံရတော့မည့်အချိန် ရောက်လေပြီ. .။

ကြခတ်ဝရံမြို့သည် ပထဝီအနေအထားအရ စစ်ရေးတွင် အားသာချက်များစွာရှိသည့်အပြင် မြို့၏ ပတ်လည်တွင် ဆူးခြုံနွယ်ထူထပ်သော ဝါးပင်များကြောင့် ယခင်စစ်ပွဲများစွာတွင် ရန်သူတပ်များက မြို့ဝင်တံခါးကိုသာ ဦးတည်၍ ဝင်တိုက်ကြရသည်။ ထိုမြို့တံခါးကို စောင့်ကျပ်သော အဖွဲ့ကို စစ်သူကြီးသူရသီဟက ဦးဆောင်ပြီး၊ ကြခတ်ဝရံပြည်၏ ရတနာဖြစ်သော အဖိုးတန်လက်နက်စင်္ကြာ၏ အစွမ်းကြောင့် လာတိုက်သမျှ စစ်ပွဲတိုင်းကို အနိုင်ရလေသည်။  

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن