အပိုင်း (၃၅)

5.2K 183 5
                                    

မင်းကြီးက တိုင်းရေးပြည်ရေးကိစ္စများ သဝဏ်လွှာများရေးရင်းဖြင့် ညီလာခံတွင် အလုပ်ရှုပ် နေလေသည်။


'ကဲ အဝေးရောက်အမတ်ဆီကို ဤချိတ်ပိတ်စာ ပို့စေ. . ခေတ္တရာပြည်ကို ငါကိုယ်တော်အမှာစာ ပါးလိုက်တယ်လို့'


"အမိန့်တော်မြတ်အတိုင်းပါဘုရား"


'ကဲ အသည်ဝန်ကရော'


"လျှောက်တင်ပါရစေမင်းကြီး. . . မြစ်ဝှမ်းဒေသ ရေကြီးခြင်းနှင့် ကပ်ရောဂါဘေးက အလွန် ဆိုးရွားလျှက်ရှိပြီး ထိန်းချုပ်ရခက်သော အနေအထားကို ရောက်နေပါပြီဘုရား။

မြန်မြန်မထမ်းချုပ်ရင် မကြာမှီမှာ ကပ်ရောဂါဘေးက မင်းနေပြည်တော်အထိ ရောက်ရှိလာနိုင်ပြီး တတိုင်းပြည်လုံး ကံဆိုးမိုးမှောင်ကျရပါလိမ့်မယ်ဘုရား"

ထိုအခါ ဝန်ရှင်တော်က ဝင်ပြောလေသည်။


"လျှောက်တင်ပါတယ်မင်းကြီး ပြဒါးရှင်လုံးကိုသာ အမြန်မရရင်ဖြင့် ကပ်ဘေးကြီးကို ကျော်လွှားနိုင်မှာ မဟုတ်ကြောင်းပါ. . ။ 

ပြဒါးရှင်လုံးကို ရအောင် ဆောင်ကျဉ်းသင့်နေပါပြီဘုရား။ သို့မှသာ ပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်မှာ"

မင်းကြီးက ဝန်ရှင်တော်ကို စကားဆုံးအောင် ပေးမပြောဘဲ ဖြတ်ပြောလိုက်လေသည်။

'ဟဲ့. . ဦးရှင်ကောင်း . . .အသင်ကသာ ပြဒါးရှင်လုံး ပြဒါးရှင်လုံးနဲ့ . . .ငါကိုယ်တော် သင့်ကို ပြဒါးရှင်လုံး ရအောင် ညှိ့နိူင်းဖို့ဆောင်ရွက်ခိုင်းတာ အခု တလပင် ပြည့်တော့မယ် မဟုတ်ပေဘူးလားကွယ့်. . 

အသင်တာဝန်မကြေဘူးပဲ'

"မှန်လှပါ. . . နောက်ဆုံး ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ မင်းကြီးက ပြဒါးရှင်လုံးကိုရော ပြဒါးရှင်လုံး အစားထိုး လက်ဆောင်ပဏာတွေကိုရော ၂ မျိုးလုံးရမှ အပေးအယူလုပ်နိုင်မယ်လို့ ရေးလိုက် သောကြောင့် မင်းကြီးရဲ့တောင်းဆိုချက်တွေ များပြားလွန်းတာမို့ တောင်တွင်းကြီးပြည်က လက်ခံဖို့ တွန့်ဆုတ်နေခြင်းသာ ဖြစ်ပါတယ်ဘုရား မင်းကြီးဘက်က ပြည်သူတွေအပေါ် မေတ္တာထား၍ ပြဒါးရှင်လုံးတစ်ခုထဲကိုသာ တောင်းဆို သင့်ကြောင်းပါဘုရား"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Dove le storie prendono vita. Scoprilo ora