အပိုင်း (၆၃)

4.3K 178 12
                                    


မင်းနိုင်ပါပြီ။ မိသုဝဏ္ဍဒေဝီ . . .အေးချမ်းတဲ့ တမလွန်မှာကျေနပ်စွာ စက်၍ပျော်ပါလေတော့ . . သည်မှာတေ့ာ စုတ်ပြတ်ကြေကွဲ . ..နူတ်မဆက်ဘဲ ထားခဲ့သူ . . .မနှင်ဘဲ သွားရက်သူ . .ရာဇဝင်မှာ ထားရစ်ခဲ့တဲ့ မောင့်အိမ်သူရေ . .ဝေးရက်တွေ ရှည်လို့များ ဆွေးရလေသလား.ကမ်းမမြင်တဲ့ လမိုက်ညမှာအချစ်ပျောက်ကိုရှာ . .မှိန်တွဲပျော့ဆင်းနေတဲ့ စိတ်ဝိဉာဉ်နဲ့အထီးကျန်လမ်းမကို လျှောက်ဖို့ အလိုငှာဒီနွေကို ဒီမောင် ကျော်နိုင်ပါတော့မလား


မိဖုရားကြီးမှာ သူမ၏တောင်းဆုအတိုင်း မီးမဖွားနိုင်ဘဲ ကံကုန်ရှာလေသည်။ အမြဲတမ်း ခိုင်မြဲနေမည်ဟု ထင်ထားသော အချစ်တစ်ခုကို သေမင်း၏အတောင်ပံများက ရိုက်ခတ်ဖြိုခွင်း လိုက်ကြပြီ . .

"အရှင်မင်းကြီး၊ အရှင်မင်းကြီး . . . . မိဖုရားကြီး မီးမဖွားနိုင်လို့ ကံကုန်ပါပြီဘုရား"

အဆောင်ပေါက်ဝသို့ ထွက်လာသော မောင်းမ၏ အသံက မဝံ့မရဲနှင့် မင်းကြီးကို မော်မဖူးရဲပဲ ခြေတွေလက်တွေ တုန်နေတာ. . .

အသံကြားကြားချင်း မင်းကြီးက မီးဖွားခန်းသို့ ဝင်သွားလေသည်။

မဖြစ်နိုင်ဘူး. . မဖြစ်နိုင်ဘူး

မိဖုရားကို ပြေးပွေ့လိုက်တယ်။

'ဆုဆု. . . '

အသက်မဲ့တဲ့ သူမရဲ့ခန္ဓာကိုယ်ကိုသာ တွေ့ရတယ်။ သေသာသေသွားတယ်. . သူမရဲ့ မျက်နှာလေးက ကြည်လင်လို့. . .

မဟုတ်သေးဘူးလေ. .မဟုတ်သေးဘူး. .၊

ငါကိုယ်တော် ချစ်တဲ့မိန်းကလေး. . . . ငါကိုယ်တော်ရဲ့ အသက်ထက်ကိုမှ ပိုပြီးမြတ်နိုးရတဲ့ မိန်းကလေး. . . ၊ ဒီလိုဆုံးပါးသွားလို့ ဘယ်ဖြစ်မလဲ .. .

မခွဲနိုင်သေးဘူးလေ. . .နှမလေး. .

မင်းနဲ့ သေသည်အထိ ရွှေလက်တွဲပြီး အတူသွားမယ်လို့ စိတ်ကူးထားခဲ့တာ. . ၊ ဒီလိုမျိုး အစောကြီး ထားခဲ့ခံရလိမ့်မယ်လို့ တွေးတောင် မတွေးထားမိခဲ့ဘူး. . .

မင်းလုပ်ရက်တယ် သုဝဏ္ဍဒေဝီ. . .

မင်းလုပ်ရက်တယ်

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora