အပိုင်း (၃၃)

4.9K 191 2
                                    

ဆုဝဏ္ဍဒေဝီက ကုလားကာအကွယ်က ညောင်စောင်းပေါ်မှာထိုင်နေသည်။ သူမရဲ့ အရင်နေရာ မိဖုရားဆောင်ကို ပြန်ရောက်လာရလို့ အနည်းငယ်စိတ်သက်သာရာရသွားသည်။


>>တိဿက ငါ့ကိုအလိုမရှိတော့လို ဒီနေရာပြန်ပို့ပြီထင်တယ်။ ဘာပဲပြောပြော တိဿနဲ့ အနည်းငယ်ဝေးသွားတော့ စိတ်နည်းနည်းပေါ့သွားတာအမှန်ပဲ. . ။ ဒီနေ့တော့ သူဘယ်မိန်းကလေးများ သူ့ရဲ့အဆောင်တော်ခေါ်ပြီး အသုံးတော်ခံရပြီလဲ မသိပါဘူး။<<


ထိုစဉ် တံခါးဝမှ အသံကြားလိုက်ရသည်။


"ထိပ်ထားလေး. . "


>>ဒါမယ်ခရေရဲ့ အသံပဲ<<


ဆုဝဏ္ဍဒေဝီလည်း ခေါ်သံကြားတာနဲ့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထင်မထားသော်လည်း မယ်ခရေက သူမ၏ အဆောင်ထဲသို့ ပြေးဝင်လာပြီး ခြေတော်ရင်းတွင် ဒူးထောက်ကာ ငိုကြွေးလေသည်။ အပေါက်ဝမှာ ရဲဗညား ပြန်လှည့်ထွက်သွားသည်ကို တွေ့လိုက်ရ၏။


'ဟယ်. . .မယ်ခရေ. . ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ။ ဒီတစ်ခါ သူတို့နင့်ကို ဘာအကြပ်ကိုင်လိုက်ပြန်ပြီလဲ ဘာကြောင့် ဒီလောက်တောင် ငိုကြွေးနေရတာလဲ. . ငါ့ကိုလျှောက်စမ်း. . အမြန်လျှောက်တင်စမ်း ငါရင်တွေ ပူလာပြီ'


ဆုဝဏ္ဍဒေဝီက မယ်ခရေကို ပွေ့ထူရင်းမေးလေသည်


"ဘာမှ အကြပ်မကိုင်ပါဘူး ထိပ်ထားလေးရဲ့ ထိပ်ထားလေးကို အခုလို ပြန်တွေ့ရတာ ဝမ်းလည်းသာ သတိတွေလည်း တအားရခဲ့လို ငိုတာပါ"


'ဒါဆို နင်က ဒီကိုဘာလာလုပ်တာလဲ'


"ထိပ်ထားလေးရဲ့ ရံရွေတော်အဖြစ် အလုပ်အကျွေးပြုဖို့ လာတာလေ. . "


'ဘာရယ်. . .ဘယ်လိုလုပ် ဒီလိုလုပ်ခွင့်ရသွားတာလဲ'


"မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ပါ ထိပ်ထားလေးရဲ့"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن