အပိုင်း ၉

6.9K 246 2
                                    

Admin ရုံးခန်းထဲတွင် ဖုန်းသံလူသံများ ဆူညံနေသည်။ ဆုဆုလည်း ရုံးခန်းထဲကို စိတ်ဓါတ်ကျစွာ ပြန်ဝင်လာမိသည်။

>>သွားပြီ. . . ငါတော့ ဒီတစ်ခါ အလုပ်ပြုတ်ပြီ..။ အင်း အရှေ့မှာ ဆင်းခဲ့တဲ့ လုပ်အားခလေးတော့ ရက်တွက်နဲ့ ပြန်ပေးရင်ကောင်းမှာပဲ။ ဒီလအိမ်လခ ပေးစရာက ကျန်တော့တာ မဟုတ်ဘူး။<<

ဆုဆု၏ ကြောက်သော အရှိန်က မသေသေး၊ တစ်ကိုယ်လုံး တုန်ရင်ပြီး၊ ထိတ်လန့်ကာ လက်ဖျားများပင် အေးနေသည်။ ဌာနတွင်း အစည်းအဝေးသွားသည်ဆိုသော မန်နေဂျာမရူပါက နေရာတွင် ပြန်ရောက်နေပြီ။

ထိုအမက ဆံပင်တိုတိုနှင့် ပြတ်သားသော မျက်နှာထား ရှိသည်။ ဘယ်အရာကိုမဆို စာအုပ်ကြီးအတိုင်းလုပ်မည့်ပုံရသည်။ လုပ်ငန်းပိုင်းကျွမ်းကျင်ပုံရပြီး ပြောဆိုပုံဟန်ပန်အမူအရာက ဆရာကျသည်။

'အမ ဝင်ခွင့်ပြုပါ.. . ညီမ ဆုဆုဝေပါ'

"သြော်. . ညည်းကဘယ်တွေသွားနေတာလဲ"

'ညီမကို ကိုသူရက အစည်းအဝေးခန်းထဲမှာ စီအီးအိုအတွက် ကော်ဖီပို့ခိုင်းလို့ သွားပို့ပေးနေတာပါ။ ခုနက ညီမရောက်တုန်းက အမလည်းမရှိသေးလို့ပါ'

"ဒေါ်ဆုဆုဝေ. . ညီမသိထားရမှာက ဒီမှာအမခိုင်းတာကလွဲရင် ဘယ်ဌာနက အကောင်လာခိုင်းတာမှ လုပ်ပေးနေစရာမလိုဘူး။ ငါ့အလုပ်က အရေးအကြီးဆုံး. . ၊ ငါ့အလုပ်တွေ မရှိမှ. .နင့်ဘာနင် အားမှ သွားပြီး စေတနာဗလဗွနဲ့ သွားဧည့်တောင့်ခံပြီး ကူညီနေလိုက်"

'ဟုတ်ကဲ့. .နောက်မှတ်ထားပါ့မယ်'

>>မှတ်ထားပါ့မယ်သာပြောလိုက်တာ ဆုအရင်က အရောင်းကောင်တာက မန်နေဂျာ မစိမ်းလို နောက်ဆိုတာ မရှိဘူးမှတ်လို့ ပြန်အော်ရင်ခက်ပြီ. . ဒီတစ်ခါဆိုရင်တော့ တကယ်ပြုတ်မှာ<<

မန်နေဂျာအမ ပြောတာ ဆုဆုနားမရှင်းပါ. ။ သို့သော် ရိုသေစွာဆက်လက်အဆဲခံရန် ပြင်ထားပါသည်။

"ကဲကဲ ငါအဲ့တာတွေ ပြောမနေတော့ဘူး။ အဲ့ကောင် အစည်းအဝေးပြီးတော့မှ ငါသူတို့ ဌာနဆီ ဖုန်းဆက်ပြီး လှမ်းဆဲအုံးမယ် ကြည့်နေ.. ငါ့ဆီက ဝန်ထမ်းအသစ်ကို မလှိမ့်တပတ်နဲ့ လာခိုင်းသွားတာ"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)حيث تعيش القصص. اكتشف الآن