အပိုင်း ၇၃

4.6K 157 6
                                    

သမိုင်းက သင်ယူပါအကျဉ်းတန်ခြင်းတွေနဲ့မပြီးသေးတဲ့ အတိတ်မှာရစ်ဝဲနေမယ့်အစား ပစ္စုပ္ပာန်နဲ့ အနာဂါတ်မှာလှပတဲ့ အလင်းပြာအဖြစ်မီးတုတ်လို ထွန်းစို့လား


= = = = =


၂ လခန့် အကြာတွင်

ရက်တွေသာ တစ်ရက်ပြီးတစ်ရက် ကုန်သွားတယ်၊ ဆုကို ရန်ကုန်မြို့ ဘယ်နေရာမှာမှ ရှာလို့မတွေ့တော့ပါဘူး။

ရဲတိုင်တာတွေ၊ သတင်းစာထဲကြေငြာတာတွေလည်း ဘာမှမထူးခြားလာခဲ့ပါဘူး။

သေချာသိလိုက်ပါတယ်။

နောက်ဆုံးတော့ အစမရှိအဆုံးမရှိ . . နူတ်မဆက်ဘဲ ထပ်ထားခဲ့ ခံလိုက်ရပြန်ပြီ

ကိုရဲက မာတင်၏ ဧည့်ခန်းထဲတွင် ရပ်၍ စကားပြောနေသည်။ မာတင်က ဆိုဖာပေါ်တွင် ဒူးခေါင်းတစ်ချောင်းထောင်ကာ လှဲရင်း အိပ်ချင်ယောင်ဆောင်နေသည်။

စားပွဲပေါ်တွင် သောက်ပြီးသား အရက်ပုလင်းခွံများနှင့် သောက်လက်စ အရက်ပုလင်းများ၊ ဆေးလိပ်တို ဆေးလိပ်စများဖြင့် ညစ်ပတ်ပေရေလျှက်ရှိသည်။

မာတင်ရန်းဟာ အရင်တုန်းက မာတင်ရန်း မဟုတ်တော့ပါဘူး။ လူကလည်း ပိန်ချုံးပြီး စုတ်ပြတ်သတ်နေပြီ။

"ဆရာ. . .အခုလို မနေပါနဲ့ ရုံးပြန်တက်ပါ။ ဆရာ့အဖေနဲလည်း တွေ့လိုက်ပါအုံး။ ဆရာ့ကြောင့် အခုနောက်မိန်းမကိုတောင် ကွာရှင်းလိုက်တာပဲ မဟုတ်ဘူးလား။ ဆရာ့မှာ သွေးသားအရင်းအခြာ ဆိုလို့ ဒီအဖေနဲ့ ဒီသားပဲရှိတာလေ။"

'ကျွန်တော့်ကြောင့်မဟုတ်ပါဘူး။ အဲ့မိန်းမကြီးက မကောင်းတာတွေ လုပ်ထားတာ ကျွန်တော်က ငယ်ငယ်က ကျွန်တော့်ကို စောင့်ရှောက်လာတဲ့ သံယောဇဉ်ကို ငဲ့လို့ အဖေ့ကို ပြန်မတိုင်ဘဲ ထားထားတာ။ အခု ဆုကိုထိလို့ အဖေ့ကို သူ့လုပ်ရပ်တွေအကုန် ဖွင့်ပြောပြလိုက်တာ။ ဒါပဲ ကျွန်တော် ဘာမှမလုပ်ဘူး။ သူ့စားရိတ်နဲ့ သူသွားတာ'

ဒါပေမယ့် ဆရာသွားထောင်လို့လေ. . . မပြောရဲပါဘူး။ ပြောလိုက်ရင် ထထိုးနေအုံးမယ်.။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora