အပိုင်း (၃၈)

4.7K 182 3
                                    

မာတင်က စီစီလျာ၏မျက်နှာကို တစ်ချက်မှမကြည့်ဘဲ


'ရိုင်းလိုက်တာ . . သူများရုံးခန်းထဲကို ခွင့်ပြုချက်မတောင်းဘဲ ဝင်လာရလား'


စီစီလျာက ခြေသံပြင်းပြင်းဖြင့် ပြေးဝင်လာပြီး မာတင့်ဘေးကနေ ဆုဆုကို ဆောင့်တွန်းကာ ဖယ်ပစ်လိုက်လေသည်။


"သြော်. . .လက်စသတ်တော့ ငါနဲ့ စေ့စပ်ပွဲဖျက်ချင်တယ်ဆိုတာ ဒီကောင်မကြောင့်ပေါ့. . ဟုတ်လား"ဆုဆုလည်း ရုတ်တရက်မို့ ဘာမှပြင်ဆင်မထားမိဘဲ ခုံဘေးသို့ အလွတ်ကြီး ကျသွားလေသည်။


မာတင်က ထိုင်ရာမှထရပ်လိုက်သည်။ ဆုဆုဆီသို့ လာမည်ပြုစဉ် အပေါက်ဝမှ ကိုရဲက လိုက်ဝင်လာသည်ကိုတွေ့ရသည်။

 မာတင်က အဲတော့မှ စီစီလျာကို တည့်တည့်ကြည့်ကာ

'စီစီ မင်းဘာလုပ်လိုက်တာလဲ. ..'


ကိုရဲ : "မစီ . . လာပါ ကျွန်တော်နဲ့ အေးအေးဆေးဆေး အပြင်မှာစကားပြောကြမယ်။ ဆရာက သူ့ရုံးခန်းထဲ မလာဖို့ မှာထားလို့ပါ။"


မာတင် : 'ကိုရဲ ရတယ် ရတယ်. . ဆုဆုကို ဆေးရုံပြန်ပို့ပေးလိုက်တော့ ကျွန်တော် စီစီနဲ့ စကားပြောစရာတွေ ရှိတယ်'


ဆုကိုယ့်ဘာကို ပြန်ထရင်း>>မရူပါ ပြောခဲ့တာလေး ပြန်သတိရမိတယ်။ နောက်ဆုံးတော့ သူတို့လူကုံထံအချင်းချင်းက မျက်နှာအပျက်မခံကြဘူး ဘေးကဖြတ်လျှောက်မိတဲ့ ငါ့လိုမိန်းကလေးပဲ နစ်နာရမှာလို့<<


ကိုရဲခေါ်ရာနောက်သို့ ဖြည်းဖြည်းချင်းလျှောက်ရင်း ရုံးခန်းထဲမှ ဆုဆုပြန်ထွက်ခဲ့သည်။


ဝုန်း. . . (တံခါးပိတ်သံ)


မာတင်၏ ရုံးခန်းတံခါးကို ဆောင့်ပိတ်သံက ဆုဆုကို စိတ်ကူးယဉ်ကမ္ဘာထဲက ပြန်နိုးထသွားစေ၏။


>>မာတင်. . စီစီလျာနဲ့ ဖြတ်ချင်လို့ ဆုကို အသုံးချတာလား။ ဆုကို ပိုက်ဆံတွေအများကြီးနဲ့ ပေါက်ပြီး ဒီလိုစာချုပ်ချုပ်ထားတယ်ဆိုကတည်းက ဒီကိစ္စဟာ လွယ်လွယ်လေး မဟုတ်ဘူး ဆိုတာတော့ ဆုသိပါတယ်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora