ဒီနေ့တော့ ဆုဆုရုံးနောက်ကျသည်။
ဒါပေမယ့် ရုံးကိုလမ်းလျှောက်လာသော သူမရဲ့ ခြေလှမ်းများက အပူအပင်မရှိ၊ ယုံကြည်ချက်ရှိရှိနဲ့ တက်ကြွပျော်ရွှင်စွာ လျှောက်လှမ်းလာနေသည်။
ခါတိုင်း ဗံဒါရွက်ကြွေတွေနဲ့ အမှိုက်တွေပွနေတဲ့ လမ်းကြီးကလည်း သူမစိတ်ထဲမှာ နှင်းဆီပွင့်ဖတ်တွေ ခင်းတဲ့ပန်းခင်းကြီးလို. .။ နေပူပူကြီးထဲမှာလည်း လသာပြီးလမ်းတွေလျှောက်. . ၊ ဘေးနားက ကားသံတွေ ကအစ သူမအတွက် မင်္ဂလာတူရိယာ သံစဉ်လေးတွေလိုပဲ. .
ကိစ္စတွေရဲ့ အကြောင်းအရင်းကတော့ မာတင်. ..မနေ့ညနေက အကြောင်းလေးတွေကို ရုံးသွားရင်း ပြန်စဉ်းစားမိသည်။
= = =
ဆုဆု မျက်ရည်သုတ်ပြီး အခန်းထဲ ပြန်ဝင်လိုက်တော့၊ မာတင်က အမေ့ကုတင်ဘေးမှာ ထိုင်နေသည်။ အမေက မာတင့်လက်ကို ကိုင်ပြီး ရယ်နေသည်။
"သမီး . . . ဒီသူငယ်က အရမ်းလိမ္မာတာပဲကွယ် သမီးဒီလို လူကောင်းလေးတစ်ယောက်ကို ခေါ်လာခဲ့တာ မေမေစိတ်ချမ်းသာပါတယ်။"
>>ဟိုက်. . .ဘာတွေဖြစ်ကုန်ပြီလဲ. . .တယောက်ယောက် ဆုကို ရှင်းပြကြပါ။ မေမေ. .. အမြဲတမ်း ရွှေသမက်ဖမ်းချင်နေတဲ့ မေမေ. . . နေလေး နည်းနည်းကောင်းလို့ မျက်လုံးနှစ်ဖက်ပွင့်ပြီဆိုတာနဲ့ လူက နားနားနေနေမနေဘူး။ အခုလည်း မာတင်နဲ့ ထားခဲ့တာ ဘာတွေလျှောက်ပြောထားပြီလဲ မသိဘူး။ မာတင့်ရှေ့မှာ အဲလိုကြီးပြောတော့ . . .အားနာစရာကြီး<<
ဆုလည်း သူတို့ ၂ယောက်ဆီသို့ ပြေးဝင်သွားပြီး မာတင့်ကိုကိုင်ထားသော မေမေ့လက်ကို သွားယူရန်ကြိုးစားလေသည်။ ဆုရဲ့လက်ကို မာတင်က လှမ်းယူလိုက်ပြီး
'စိတ်ချပါ။ ကျွန်တော် သူ့ကို တစ်သက်လုံး ဂရုတစိုက် စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်၊ ဟုတ်တယ် မှတ်လား . ဆု .' ဟုပြောကာ ဆုကို လှမ်းကြည့်သည်။
ဆုကလည်း အရိပ်အကဲကိုကြည့်ကာ ခေါင်းညိမ့်လိုက်ရသည်။
ESTÁS LEYENDO
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...