Dear Heart,
Why him?
ခရီးဝေးကြီးမှ ပြန်ရောက်လာရပြီး ကိုယ်လက်သန့်စင်ပြီးနောက် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
ညအတော်နက်မှ သူမ၏ ပါးတစ်ဖက်ကို တိဿက လာနမ်းသည်။ ဆုဝဏ္ဍဒေဝီလည်း ချက်ချင်း အိပ်ရာမှ နိူးသွားခဲ့ရာ ထထိုင်လိုက်ပြီး
"မင်းကြီး. . . အရှင်မင်းကြီး ဒီအချိန်ကြီး ကြွလာတာ ဘာသဘောလဲ"
'ဒီည ဒီအဆောင်တော်မှာ အိပ်စက်မလို့လေ'
"စက်တော်ခေါ်ရုံပဲရမယ် အရှင်မင်းကြီး"
မျက်နှာထားတင်းကာ တိဿကို စေ့စေ့ကြည့်လိုက်ပြီးမှ တဖက်သို့လှည့်၍ အိပ်ချင်ယောင်ဆောင် နေလိုက်သည်။
တိဿက သူမ၏ ဂုတ်ကျောကို နမ်းရင်း. . .
'စိမ်းကားလှချည်လား နှမတော်. . ၊ ဒီလောက် ကိစ္စတွေ အများကြီး ဖြတ်သန်းပြီးမှ ယခု ပြန်ဆုံရတာကို'
"ကိုယ့်ဘာသာ အေးအေးဆေးဆေး နေပါရစေ မင်းကြီးရယ်"
မင်းကြီးကို တွန်းခွာလိုက်ချိန် သူ၏ရင်ဘတ်မှ အမာရွတ်တစ်ခုကို လက်ဖြင့် သွားစမ်းမိလေသည်။ သူမ လက်ကိုရုတ်တရက် နောက်သို့ပြန်ရုပ်လိုက်ပြီး
"အရှင်မင်းကြီး ရင်ဘတ်မှာ ဒဏ်ရာကြီးနဲ့"
မင်းကြီးက လေသံ ခပ်ရွဲ့ရွဲ့ဖြင့်
'သြော်. . .ဒါလား. . . ဒါ နှမတော်ရဲ့ အချစ်ဆုံး မယ်ညိုပေးခဲ့တဲ့ ဒဏ်ရာလေ. .ကျုပ်ရင်ဘတ်တည့်တည့်ကို ဓါးနဲ့ ထိုးခဲ့တာ'
"အရင်ကဆို မင်းကြီးက ဒဏ်ရာမကျန်ခဲ့ပါဘူး"
'မှန်တာပေါ့. . ဒီဒဏ်ရာက သာမာန် ဒဏ်ရာမှမဟုတ်တာ. . ။ အသက်ကို အလောင်းအစားလုပ်ခဲ့ရတဲ့ ဒဏ်ရာလေ'
ပြောပြောဆိုဆိုနှင့် သူမ၏ လက်ဖဝါးလေးကို နမ်းလိုက်ပြန်သည်။ သူမကလက်ဖဝါးကို ချက်ချင်း ပြန်သိမ်းလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်နေလိုက်သည်။
>>အဟုတ်သား. . . မင်းကြီးက အန ္တရာယ်တွေ အများကြီးနဲ့ ကြုံခဲ့ရတာပဲလေ။ ဒါကြောင့် မယ်ညိုအကြောင်း ငါမေးတော့တောင် စိတ်တိုသွားသေးတာမဟုတ်လား<<
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...