အမှားလေး တစ်ခုအတွက်အရာရာအားလုံးကို ပေးဆပ်လိုက်ရတယ်နှင်းဆီလေးလို လှသလောက်အကြွေ စောလှချည်ရဲ့နတ်သမီးထောင်ချောက်လိုလှပစွာ သူပြုစားမင်းနဲ့ငါက ရာဇဝင်မှာအဆိပ်သင့်ခဲ့ကြတဲ့ ချစ်သူတွေလား ဟိုးအဝေးကြီးက ဒဏ္ဍာရီမှာ အနက်ရှိုင်းဆုံး တူးဖော်ကြည့်ပါမင်းအတွက်ငါ ထာဝရ ရှိနေမှာ။.အရာရာအားလုံးဟာ အေးစက်မှောင်မိုက်နေတယ်. . ။ ဆုတစ်ယောက် ကမ်းမမြင်လမ်းမမြင် ချွေးတွေရွှဲနင့်နေတဲ့အထိ ပြေးလွှားနေတယ်။ ဘယ်ဆီကို ပြေးနေမှန်းလည်း မသိဘူး။ ဘယ်အရာဆီက ထွက်ပြေးနေမှန်းလဲ မသိဘူး။
နားထဲမှာလည်း အသံတွေ ဆင့်ကာဆင့်ကာ ကြားနေရတယ်။
"မီးမဖွားနိုင်ဘဲ ကံကုန်ရပါလို၏ အရှင်ဘုရား. .."
"အရှင်ဘုရား. .." (ပဲ့တင်သံ)
"အရှင်ဘုရား. .." (ပဲ့တင်သံ). . .'ပြည့်စေ'
'ပြည့်စေ' (ပဲ့တင်သံ)'ပြည့်စေ' (ပဲ့တင်သံ).
ဆု. .ဆက်ပြေးနေမိသည်။
"အားး း း း. .." (မိန်းမတစ်ဦး၏ စူးစူးဝါးဝါးအော်သံ)
ထိုအသံကြားလိုက်တော့မှ သူမခြေချော်၍ လဲသွားလေသည်။ မြေပြင်ကို လက်နှစ်ဖက်နှင့်ထောက်၍ လဲသွားသည်။
သူမအနောက်က ခွန်အားကြီးသည့် တစ်စုံတစ်ခုက အလုံးအရင်းလိုက် ပြေးလိုက်လာသလို. .
လှည့်ကြည့်လိုက်တော့ တိမ်တိုက်အမဲကြီးလို အရာကြီး. . မျက်လုံးနီနီကြီးနဲ့
'ဝိဉာဉ်.. . ငါဝိဉာဉ်လိုချင်တယ်. .. '
'နင့်ကလေးရဲ့ . .. ဝိဉာဉ်'
ထိုတိမ်တိုက်ကြီးက သူမကို ဖုံးလွှမ်းလာနေတော့သည်။
>>ဟား း<< (အော်ဟစ်ညည်းတွားသံ)
ဆုဆု မျက်လုံးများ ပွင့်သွားသည်။ ပြတင်းပေါက်လိုက်ကာ ကြားမှ ဝင်လာသော နံနက်ခင်း နေရောင်ကို မြင်လိုက်ရသည်။ သူမတစ်ကိုယ်လုံးလည်း ဇောချွေးတွေပျံလို့. .
>>တော်သေးတာပေါ့ အိမ်မက်ဖြစ်နေလို့. . . <<
အုံကိုက်နေသော သူမ၏ ခေါင်းကို လက်ဝါးဖြင့် အုပ်လျှက် ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်သည်။ လူက အခုထက်ထိမောနေတုန်း
YOU ARE READING
သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)
Romance"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေနမင်း . တိဿလက်ထဲသို့ ပြန်ပါသွားရတော့မည်။ ငါဟာ. . . ကြခတ်ဝရံဘုရင်မ တစ်ပါးဖြစ်ခဲ့ ပါသော်ငြားလည်း တိဿရဲ့ ခြေဖဝါးအောက်မှာ အကြိမ်ကြိမ်အရှုံးကြီး...