အပိုင်း ၁၃ (က)

7K 225 3
                                    

ဆုဆုတစ်ယောက်ထဲ ဓါတ်လှေကားအတွင်းသို့ ဝင်ပြီး ၁၀လွှာက Admin ရုံးခန်းသို့ တက်လိုက်သည်။ 

၅လွှာမှာ တံခါးပွင့်လာသည်။ 

စီအီးအို ရန်နှင့် မန်နေဂျာ ကိုရဲတို့ ဓါတ်လှေကားစောင့်နေသည်ကို တွေ့လိုက်သည်။

CEO Young က


'ကျွတ်' . . . တချက်ချလိုက်ကာကိုရဲကို တိုးတိုးလေး ပြောလိုက်သည်။


'မစီးနဲ့တော့၊ နောက်တစ်လှည့် စောင့်မယ်'


အဲလို တိုးတိုးလေးလှမ်းပြောလိုက်တာကို ဆုဆုက ကြားဖြစ်အောင် ကြားသွားသည်။ သူမ ရုတ်တရက် စိတ်မထိန်းနိုင်အောင် ဒေါသထွက်သွားမိသည်။


>>ဘာလား. . .လုပ်ပြန်ဘီ. ဒါငါ့ကို တမင်သက်သက်ကျောတာပဲ။ ငါကဘာများ ဖြစ်နေလို့လဲ၊ နူနေလို့လား၊ နံစော်နေလို့လား။ ဘဝင်ရူးရူးနေတဲ့ သူဌေး။ <<


"ရတယ် ရှင်တို့ စီးကြ၊ ကျမ ထွက်ပေးမယ်"


ဆုဆုလည်း အာရုံနောက်လာကာ အသံကျယ်ကျယ်ဖြင့် အထဲမှ လှမ်းအော်လိုက်သည်။ ဟိုနှစ်ယောက်က အပြင်ကနေ မျက်လုံးပြူး သွားပြီး မသိချင်ယောင် မကြားချင်ယောင် ဆောင်နေကြသည်။


ဆုဆုလည်း ဓါတ်လှေကား အပြင်ဘက်ကို ဝုန်းခနဲ ထွက်ခါ ရိုးရိုး လှေကားရှိရာဘက်သို့ ကွေ့သွားလိုက်သည်။ 

တမင်သက်သက်ဒင်းတို့နှစ်ယောက်ကြားအောင် ခြေသံပြင်းပြင်းဆောင့်နင်းပြီး ထွက်လာခဲ့လိုက်ခြင်းဖြစ်သည်။

မာတင်ရန်းက ဘာစကား တစ်ခွန်းမှ မပြောဘဲ ဓါတ်လှေကားထဲ ဝင်လိုက်သည်။ သူ့မန်နေဂျာ ကိုရဲကလည်း အလိုက်တသိ တိတ်ဆိတ်စွာ ဘေးမှလိုက်ဝင်လာလေသည်။ 

ဓါတ်လှေကား တံခါးပိတ်သွားတော့မှ မာတင်က တီးတိုးလေး ရေရွတ်မိသည်။

" ဒီနေ့တော့ ကံဆိုးပါပြီ".

မာတင်၏ အသံတိုးတိုးလေးကို ကြားလိုက်သောကြောင့် ကိုရဲက တအံ့တသြ လှမ်းကြည့်လိုက်သည်။ ပို၍ အံ့သြစရာ ကောင်းသည်က မာတင်က အဲ့စကားကို ပြောရင်းတစ်ချက်ပြုံးသွားသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ နားမလည်နိုင်သော်လည်း မမြင်ချင်ယောင်ဆောင် နေလိုက်ပါသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora