အပိုင်း ၇၄ - Warning

14.1K 183 6
                                    

ရန်ကုန်က အရင်အတိုင်းစည်ကားနေစဲပဲ. ..၊ စည်ကားတဲ့အနောက်မှာ ရန်ကုန်ထဲဝင်လာတာနဲ့ မွန်းကျပ်တဲ့ အရသာက ခံစားလာရတော့တာပဲ. . .

လူတွေ၊ ကားတွေ၊ ဈေးသည်တွေ. . အိပ်တန်းတက်တဲ့ ငှက်တွေနဲ့. . .

မီးပွိုင့်မိနေရင်းနဲ့ ဘေးနားမှာ ကားအနက်ရောင်လေး တစ်စီးကို တွေ့လိုက်ရတယ်. .

ကိုဒီပါ့ကားနဲ့ တူလိုက်တာလို့. .

'မာတင်. . . ဒါနဲ့ ကိုဒီပါရော ဘာတွေလုပ်နေလဲဟင်.. ။ သူ့ကိုတောင် မတွေ့ရတာကြာပြီ။'

"ဒီကောင်လား. . . သူနေကောင်းပါတယ်။ အကုန်ကောင်းတယ်။"

မာတင့်မျက်နှာက ခပ်တင်းတင်းဖြစ်သွားလို့ ဆုအလိုက်တသိနဲ့ စကားစလွဲလိုက်ရသည်။

'ဒါနဲ့ အိမ်မှာဒေါ်မြတို့ရော နေကောင်းတယ်မှတ်လား'

"အွန်း. . ." (ဝတ်ကြေတမ်းကြေလေသံကြီးဖြင့်)

မာတင် အဲလိုစိတ်ကောက်သွားတာကို ဆုအရမ်းသဘောကျသွားသည်။ အခုထက်ထိ မာတင်စိတ်ကောက်တာ တစ်ခါမှမှ မမြင်ဖူးတာ. . .

ဆုက မာတင့်မျက်နှာပေါ်က ပါးသိုင်းမွှေးစစလေးတွေကို ပွတ်ရင်း

'မကြီးမငယ်နဲ့ အဲလိုကြီးစိတ်ကောက်မနေနဲ့တော့လေ. .'

မာတင်က ဆုရဲ့ လက်ကိုလှမ်းကိုင်လိုက်ပြီး. .မျက်ထောင့်နီကြီးနှင့်

"ဆု . . .မင်း ကိုယ်လုပ်တဲ့အပြစ်ကိုယ်သိတယ်မှတ်လား"

'ရှင်. . အပြစ်. .. ဟုတ် ဆုမှာအပြစ်ရှိပါတယ်'

"အေး. . . အပြစ်ရှိရင် အပြစ်ပေးခံရတတ်တယ်ဆိုတာရောသိလား"

"အဟွတ်. .အဟွတ်. . .အဟွတ်.. အဟမ်းအဟမ်း" (ကိုရဲချောင်းဆိုးသံ)

မာတင်ပြန်ငြိမ်သွားပြန်သည်။ သို့သော် ဆုရဲ့လက်ကို သူပြန်မလွှတ်ပါ. .

အိမ်ရောက်တဲ့အထိ ဆုရောမာတင်ရော စကားထပ်မပြောဖြစ်ကြ၊

သည်လိုနှင့် ဆုလည်းလိမ်လိမ်မာမာလေး အိမ်ပေါ်ထပ်ကိုလိုက်တက်လာလိုက်သည်။ ပျင်းခြောက်ခြောက် ရှေးခေတ်ပန်းချီကားတွေက အရင်အတိုင်းပဲ။ အဲဒီပန်းချီကားတွေကို မြင်တော့မှ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို စိတ်ဒုန်းဒုန်းချပြီး ရင်အေးသွားရတော့တယ်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now