အခန်း(၁၀)

301 15 1
                                    

ိကောင်းမြတ်ကသူ့အဘိုးကိုပြန်စိုက်ကြည့်ပြီး
မေးလိုက်သည်။

“အဘိုးတမင်လုပ်တာမို့လား"

“ဘာကိုလဲ"

“ကိုကို့ကိုအဖမ်းခံရအောင်တမင်လုပ်တာမို့လား"

“သူ့အပြစ်နဲ့သူပဲလေ"

“ကိုကို့မှာအပြစ်မရှိဘူး”

“ရှိတာပေါ့။ငါ့မြေးကိုပြန်မပေးတာသူ့အပြစ်ပဲ"

“လိုက်ခဲ့မယ်"

“ဘယ်ကိုလဲ"

“အဘိုးခေါ်တဲ့ဆီလိုက်ခဲ့မယ်။ကိုကို့ကိုပြန်လွှတ်ပေး"

“အဟား…သူလွတ်သွားရင်မင်းကသူ့ဆီပြန်သွားမှာပေါ့"

“မသွားဘူး"

“သေချာလို့လား"

“ကျွန်တော်ပြန်မသွားဘူး။ကိုကို့ကိုလွှတ်ပေး"

“ကောင်းပြီ။မင်းအကိုကိုငါလွှတ်ပေးမယ်။ဒါပေမဲ့ငါ့ဆီမှာဓာတ်ပုံသက်သေ၊လူသက်သေတွေရှိတယ်။မင်းကတိဖျက်ရင်မင်းအကိုကိုချက်ချင်းထောင်ကျအောင်ငါလုပ်လို့ရတယ်”

အဘိုးရဲ့ခြိမ်းခြောက်စကားတွေကြောင့်ကောင်း
မြတ်အံကြိတ်ကာလက်သီးကိုကျစ်နေအောင်ဆုပ်ထားမိသည်။နောက်တော့စိတ်ကိုလျှော့ပြီးတောင်းဆိုလိုက်သည်။

“ကျွန်တော့်အမေနဲ့ညီမလေးကိုတော့တွေ့ခွင့်ရှိတယ်မဟုတ်လား”

“မတွေ့ရဘူး"

“ဘာလို့လဲ။ကျွန်တော့်ရဲ့အမေကအဘိုးရဲ့ချွေးမပဲလေ"

“ငါ့သားရဲ့မိန်းမဆိုရင်တော့ငါ့ချွေးမပေါ့။အခုဟာကတခြားယောက်ျားတစ်ယောက်နဲ့ယူပြီးကလေးပါမွေးထားတဲ့မင်းအမေကိုချွေးမလို့သတ်မှတ်စရာဘာအကြောင်းမှမရှိဘူး။မင်းအဲဒီမိသားစုနဲ့အဆက်အသွယ်ဖြတ်ရမယ်။တစ်ယောက်ယောက်နဲ့အဆက်အသွယ်လုပ်တာကို
မိသွားရင်မင်းအကိုကိုငါထောင်ချပစ်မယ်”

ကောင်းမြတ်ဒေါသထွက်နေပေမဲ့အဘိုးကိုမလွန်ဆန်နိုင်ပေ။အဓိကကကိုကို့ကိုအိမ်ပြန်လာစေချင်သည်။မေမေနဲ့ညီမလေးကိုသူမစောင့်ရှောက်နိုင်ပေမဲ့ကိုကိုကတော့စောင့်ရှောက်ပေးနိုင်
သည်။ထို့ကြောင့်ရင်နာနာနဲ့ပဲမိသားစုကိုစွန့်လွှတ်ခဲ့ရသည်။အဘိုးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ရသည်။ကိုကို့ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်
ခွင့်လေးတောင်မရခဲ့။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Onde histórias criam vida. Descubra agora