ထွဋ်ခေါင်ဆေးရုံကပြန်လာတော့ဆရာလေးအောင်ကျော်ခြံထဲမှာတစ်ယောက်တည်းထိုင်နေသည်။ကိုကိုနဲ့အဘိုးကိုတော့အရိပ်အယောင်မျှမမြင်။
ဒီရက်ပိုင်းအတွင်းအဘိုးကကိုကို့ကိုစာသင်ပေးနေသည်ဟုပြောတော့ထွဋ်ခေါင်အံ့သြမိသည်။အဘိုးကဘာလို့စာသင်ပေးတာလဲ။ကိုကိုကရောအဘိုးစာသင်ပေးတာကိုဘာလို့လက်ခံတာလဲ။လုံးဝမတည့်တဲ့လူနှစ်ယောက်ကရန်သူဘဝကနေဆရာတပည့်တွေဖြစ်ကုန်ကြပြီလား။
ထွဋ်ခေါင်တွေးကြည့်ရတာဉာဏ်မမှီတော့ပေ။အဘိုးနဲ့ကိုကို့ရဲ့ဆက်ဆံရေးကမျက်လှည့်ပြနေသလိုပင်။အခုစာကလေးကြော်၊အခုဆီထမင်း။ဦးထုပ်ထဲကနေယုန်လေးထွက်လာလိုက်၊ခိုလေးထွက်လာလိုက်နဲ့။အစစ်အမှန်တွေလည်း
ဟုတ်ပုံမပေါ်။ထွဋ်ခေါင်အိမ်ထဲဝင်လာပြီးအဘိုးအခန်းတံခါးကိုအသာလေးဟကြည့်လိုက်သည်။အဘိုးနဲ့
ကိုကိုသူ့ကိုကျောပေးပြီး laptop ကိုအာရုံစိုက်
ကြည့်နေကြသည်။ထွဋ်ခေါင်လည်းတံခါးဝကနေခေါင်းနှစ်လုံးကိုကျော်ပြီးကြည့်လိုက်သည်။ထွဋ်ခေါင်ဟင်ခနဲ့ဖြစ်သွားရသည်။ကိုကိုနဲ့အဘိုးကိုနှစ်ယောက်ပေါင်းပြီးသူငယ်ပြန်နေတယ်လို့
ပြောရင်စိတ်ဆိုးကြဦးမည်။သူတို့နှစ်ယောက်ကြည့်နေတဲ့ဇာတ်ကားက lion king ဇာတ်ကား။စာသင်မယ်ဆိုပြီးကာတွန်းကားကြည့်နေတဲ့နှစ်
ယောက်ကိုထွဋ်ခေါင်ဘယ်လိုနားလည်ရမှန်းမသိ။ထွဋ်ခေါင်ကြည့်နေတုန်းမှာပဲအဘိုးကဇာတ်ကားကို pause လုပ်ပြီးရပ်လိုက်သည်။“ခြင်္သေ့ကြီးကသူ့သားကိုဘာပြောလိုက်တာလဲ"
“သိဘူးလေ"
“ဖြောင်း"
အဘိုးကကိုကို့ခေါင်းကိုဖြောင်းခနဲ့ချပြီးမှ-
“မင်းကိုစကားပြောနားထောင်ခိုင်းတာ။အရုပ်တွေချည်းပဲလိုက်ကြည့်မနေနဲ့။စာတန်းထိုးတာကိုအာရုံစိုက်”
ထွဋ်ခေါင်အံ့သြဆွံ့အသွားရသည်။အဘိုးကကို
ကို့ကိုစာသင်ပေးနေတာမရိုးရှင်းဘူးလို့တော့ထင်သားပဲ။အခုတော့ငါးသောင်းပေးပြီးပယ်ပယ်နယ်နယ်ကိုတွယ်နေသည်။ကိုကိုကပဲအတာလား။အဘိုးကပဲလည်လွန်းနေတာလား။
STAI LEGGENDO
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Narrativa generale*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*