ထွဋ်ခေါင်ကိုကို့ကိုသူ့အိမ်ပြန်လိုက်ပို့ပေးသည်။ကိုယ့်မှာလည်းဆေးရုံမှာလုပ်စရာအလုပ်တွေကအများသား။ကိုကို့ကိုပြန်ပို့ပြီးတာနဲ့ဆေးရုံသွားရသည်။ဆေးရုံကအပြန်မှာတော့ကျောက်တစ်လုံး
မြို့ကိုသွားပြီးဈေးဝယ်သည်။ကိုကိုကဘာကျွေး
ကျွေးအကုန်စားတဲ့သူမို့ကောင်းတာမှန်သမျှအကုန်ဝယ်သည်။ပုဇွန်တုပ်မြင်တိုင်းကိုကို့မျက်နှာ
ပြေးမြင်မိတာမို့ပုဇွန်တုပ်လည်းဝယ်သည်။ဈေးဝယ်ပြီးကျောက်တွင်းကိုပြန်လာတော့မိုးချုပ်နေပြီ။ထွဋ်ခေါင်ကိုကို့ကိုသွားခေါ်တော့ကိုကိုကသူနဲ့မလိုက်ချင်လို့အိမ်ပေါ်တက်ပြေးသည်။ထွဋ်ခေါင်လည်းတမင်ညစ်ပြီးကိုကို့ကိုလိုက်ဖမ်းသည်။ဆရာတပည့်သုံးယောက်ကိုကို့ကိုဖမ်းချုပ်
ပြီးခေါ်သွားတော့စုမြတ်ဟန်သာကထုံးစံအတိုင်းလက်ကလေးယမ်းပြီးတာ့တာလုပ်ပြသည်။ထွဋ်ခေါင်အိမ်ပြန်ရောက်တော့ကိုကိုကဧည့်ခန်းထဲမှာငုတ်တုတ်ထိုင်ရင်းသူ့ကိုမကျေမနပ်နဲ့ကြည့်နေသည်။
“ခင်ဗျားညစာစားပြီးပြီလား"
“စားပြီးပြီ"
“ကောင်းတာပေါ့။အဲဒါဆိုမနက်ကျမှမနက်စာကောင်းကောင်းချက်ကျွေးမယ်။အခုအိပ်ချင်သွားအိပ်တော့"
“ဘာ…အိပ်ဖို့သပ်သပ်နဲ့ငါ့ကိုဒီခေါ်လာတာလား"
“ဒီကစပြီးရှေ့ကိုဆို×××သူ့ရဲ့လိုအင်ရှိတာ
တွေ×××သိအောင်ကြိုးစားရင်းလေ×××"ကိုကို့စကားကိုခွန်းတုံ့မပြန်ရသေးခင်ဖုန်းမြည်
လာတာကြောင့်ဖုန်းကိုကြည့်လိုက်မိတော့ဖိုးဖိုးတိုင်းကျော်။သူဧည့်ခန်းထဲကနေထွက်လာခဲ့သည်။အဘိုးနဲ့ဖုန်းပြောတာတွေကိုကို့ကိုတစ်စွန်းတစ်စမှမသိစေချင်တာကြောင့်အိမ်ခေါင်မိုးပေါ်တက်လာခဲ့သည်။“ဟယ်လိုအဘိုး"
“အသံကဘယ်လိုဖြစ်နေတာလဲ။နေမကောင်းဘူးလား"
“ကောင်းပါတယ်။အဘိုးရောနေကောင်းလား"
“မေးဖော်ရသားပဲ။မင်းအဲဒီမှာဘာတွေလျှောက်လုပ်နေတာလဲ"
ESTÁS LEYENDO
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Ficción General*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*