ထွဋ်ခေါင်အခန်းထဲဝင်လာတော့ကိုကိုကအိပ်နှင့်နေပြီ။ထွဋ်ခေါင်ကိုကို့ဘေးမှာဝင်လှဲရင်းကိုကို့
ဘက်ကိုတစ်စောင်းလှည့်အိပ်ကာကိုကို့ကိုကြည့်နေမိသည်။ကိုကိုကသူ့ကိုဆရာဝန်တစ်ယောက်ပုံစံနဲ့အရမ်းလိုက်ဖက်တဲ့အကြောင်းအဘိုးကိုပြောခဲ့သည်တဲ့။ညီလေးကိုဘာလို့ဆေးမကု
စေချင်တာလဲလို့အဘိုးကိုမေးခဲ့သည်တဲ့။အဘိုးပြောပြတော့ထွဋ်ခေါင်အံ့သြရသည်။အဘိုးကသူ့ကိုဘွဲ့ရပြီးကတည်းကစီးပွားရေးလုပ်
ငန်းတွေအမွေဆက်ခံဖို့ဖိအားပေးလာခဲ့သည်။အခုတော့အဘိုးကသူ့ကိုအလုပ်ထွက်ဖို့မပြောတော့ပေ။ထွဋ်ခေါင်ကိုကို့ပါးပြင်လေးကိုလက်နဲ့အုပ်ကိုင်ပြီးညင်သာစွာပွတ်သပ်ပေးမိသည်။ကိုကိုကသူ့ကိုယ်စားအဘိုးရဲ့အဖြည့်ခံလုပ်ပေးခဲ့တာပဲ။ထွဋ်ခေါင်ဝါသနာပါတဲ့အလုပ်ကိုလည်းမစွန့်လွှတ်ရအောင်၊အဘိုးရဲ့လုပ်ငန်းတွေကိုလည်းအမွေဆက်ခံသူမရှိမဖြစ်ရလေအောင်၊အဘိုးကသူ့
ကိုပါလက်ခံလာအောင်ကြိုးစားပေးခဲ့သည်။အဘိုးဆီကပညာအမွေကိုကြိုးကြိုးစားစားသင်ယူလေ့လာခဲ့သည်။ကိုကိုကဆုတောင်းတစ်ခုတည်းနဲ့အသက်လည်းရှင်၊မျက်စိလည်းမြင်၊ရွှေအိုးလည်းရသွားစေတဲ့သုဝဏ္ဏသာမဇာတ်တော်ထဲကလိုပြုမူပေးနိုင်ခဲ့သည်။ကိုကို့အစွမ်းအစကြောင့်သားရွှေအိုးထမ်းလာတာကိုမြင်ရပါပြီလေ။
အဘိုးကထွဋ်ခေါင်ရဲ့စိတ်ဆန္ဒကိုသိနားလည်
သွားတာမို့ထွဋ်ခေါင်ကိုအလုပ်ထွက်ဖို့ဖိအားမ
ပေးတော့ပေ။အဲဒီအစားကိုကို့ကိုပဲမြေတောင်
မြှောက်ပေးဖို့ဆုံးဖြတ်လိုက်ပုံပေါ်သည်။အဘိုးကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီးကိုကို့ကိုအနီးကပ်သင်ပေးနေသည်။အဘိုးကကိုကို့ကိုသူ့ရဲ့အမွေဆက်ခံသူအဖြစ်လူအများရှေ့မှာချပြဖို့အချိန်ယူပြီးပြင်ဆင်နေခြင်းဖြစ်သည်။ကိုကို့ကိုဆယ်တန်းမအောင်တဲ့သူဆိုပြီးအထင်သေးလို့မရ။ကိုကို့ရဲ့နောက်မှာဒေါက်တာထွဋ်ခေါင်နဲ့သူဌေးကြီးဦးတိုင်းကျော်ရှိသည်။ဒါနဲ့တင်မကျေနပ်သေးရင်သူ့မွေးစားသားဒေါက်တာစောညိုနဲ့သူ့သမက်လောင်းဒေါက်တာ
ဖြိုးသော်ပါရှိသည်။ဒါနဲ့လည်းမကျေနပ်သေးရင်ညီမလေးစုမြတ်ရဲ့လက်တွဲဖော်နှင်းဆီမောင်တို့မိသားစုရဲ့စိန်ပန်းပြာစီးပွားရေးလုပ်ငန်းစု
ကြီးတစ်ခုလုံးကိုပါချပြလို့ရသေးသည်။
YOU ARE READING
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
General Fiction*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*