ထွဋ်ခေါင်ထမင်းစားပြီးသွားတော့ဖုန်းဝင်လာ
သည်။ဖြိုးသော်တာဆီကဖြစ်သည်။“ပြော…ဖြိုးသော်"
“ကျွန်တော်ဆေးရုံရောက်နေပြီကိုထွဋ်။ဘယ်ကိုလာရမှာလဲ။ဆရာမကကျွန်တော်မေးတာကိုမ
ဖြေဘူး”“အဲဒီမှာပဲနေ။မင်းဆီကိုဝက်ဝံနက်လွှတ်လိုက်
မယ်။သူနဲ့လိုက်ခဲ့”“အင်း…"
ထွဋ်ခေါင်ညီမလေးကိုနှုတ်ဆက်ပြီးပြန်လာခဲ့
သည်။ကိုကိုကတော့သူ့ကိုခေါ်မှာကြောက်လို့
ကျောပေးထားသည်။ထွဋ်ခေါင်အိမ်ပြန်ရောက်တော့နေခဲ့လိုက်ပြီးဝက်ဝံနက်ကိုပဲဆေးရုံလွှတ်လိုက်သည်။သိပ်မကြာခင်မှာပဲအိမ်ဝိုင်းထဲကိုကားနှစ်စီးဝင်လာသည်။သူဧည့်ခန်းထဲကနေထိုင်စောင့်နေလိုက်သည်။ဖြိုးသော်သူ့ကားထဲကနေပစ္စည်းတွေချနေတာအထုပ်တွေတော်တော်များသည်။ဘာလို့ဒီလောက်အများကြီးသယ်လာရတာလဲ။သူတောင်အိတ်နှစ်လုံးပဲပါခဲ့တာ။ဖြိုးသော်အိမ်ထဲဝင်လာတော့ဆရာမပြောတာ
ကိုသတိရပြီးရယ်ချင်သွားရသည်။ပြောင်းဖူးမွှေး
ရောင်ဆံပင်နဲ့သူ့ကိုယ်သူ Idol များမှတ်နေသ
လားပဲ။ဖြိုးသော်တာနဲ့စိုးသော်တာကအသက်
နှစ်နှစ်ပဲကွာတဲ့ညီအကိုတွေ။ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအသက်နှစ်ဆယ်လောက်ကွာသလားအောက်မေ့ရသည်။စိုးကြီးကလူလည်ပက်ကားစီးပွားရေးသမား။မိသားစုအပေါ်အရမ်းသိတတ်သည်။ဖြိုးသော်ကတော့ဆရာဝန်ဘွဲ့သာရသွားတာအခုထိကျပ်မပြည့်ဘူးလို့ထင်နေရတုန်းပင်။စီးပွားရေးဆိုတာဘာမှန်းမသိ။ကားတွေထည်လဲ
စီးပြီးဟိုဝင်တိုက်ဒီဝင်တိုက်နဲ့။လျော်ရပါများလို့
အိမ်ပေါ်ကနှင်ချခံလိုက်ရတဲ့သူဌေးသား။အကိုရှာသမျှသူကချည်းဒိုင်ခံသုံးနေလို့စိုးကြီးကပါညီအကိုတော်စပ်ခြင်းကိုရပ်စဲထားသည်။ဖြိုးသော်
ဧည့်ခန်းမှာဝင်ထိုင်လိုက်တော့သူမေးလိုက်မိသည်။“မင်းအလုပ်မဝင်တော့ဘူးလား"
“မဝင်တော့ဘူး"
“ဘာလို့လဲ”
“ဝန်ထမ်းမလုပ်ချင်ဘူး။ကိုယ့်ဘာကိုလွတ်လွတ်လပ်လပ်ပဲနေချင်တာ"
ESTÁS LEYENDO
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Ficción General*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*