အခန်း(၆၁)

207 19 2
                                    

ဦးတိုင်းကျော်ကထူးမြတ်ဟန်သာကိုသူ့မြေးပါ၊သူ့ရဲ့အမွေဆက်ခံသူပါလို့ကြေညာလိုက်တော့
ပရိသတ်ကအံ့သြထူးဆန်းသွားကြသည်။ဒီပွဲမှာထွဋ်ခေါင်လည်းမပါ။ဥက္ကဌကြီးရဲ့မြေးပါလို့လူတွေသိထားကြတဲ့ထွဋ်ခေါင်ကဘယ်ရောက်သွားတာလဲ။

ဥက္ကဌကြီး accident ဖြစ်တုန်းကလူရှေ့ကိုတစ်ခါထွက်ပေါ်လာသေးတဲ့ထွဋ်ခေါင်ကအခုတော့စုပ်စမြုပ်စပျောက်နေသည်။သူဌေးကြီးကိုအင်
တာဗျူးချင်ပေမဲ့လည်းဗျူးလို့မရ။ဦးတိုင်းကျော်ကသူ့ကိုဘာမှအမေးမခံ။ Bodyguard တွေကသတင်းထောက်တွေကိုအနားကပ်ခွင့်မပြု။ထူးမြတ်
ဟန်သာကပိုဆိုးသည်။ကုမ္ပဏီကတာဝန်ရှိလူ
ကြီးတွေတောင်ထူးမြတ်အနားကိုကပ်လို့မရ။ထူးမြတ်ကအဲလောက်ထိအရှိန်အဝါကြီးသည်။

ငုတ်တုတ်အိပ်နေလျှင်သမာဓိအားကောင်းသည်ဟုထင်တတ်ကြသလိုစကားတစ်ခွန်းမှမပြောဘဲရှုတည်တည်ကြီးနေနေတဲ့ထူးမြတ်ကိုလည်းမာနမင်းသားဟုထင်နေကြသည်။အသွေးအရောင်ကတောက်ပလွန်းနေတော့ဘယ်နိင်ငံမှာများနေထိုင်ကြီးပြင်းခဲ့တာလဲဟုစိတ်ဝင်စားနေ
ကြသည်။ဥက္ကဌကြီးရဲ့မြေးဆိုတော့မာနခဲသူဌေးသား၊ရွှေဇွန်းကိုက်ပြီးမွေးဖွားလာတဲ့ရွှေဘုံစံမင်းသားလို့ထင်မြင်နေကြသည်။အဲလိုထင်ရအောင်အဘိုးကလည်းပုံမှားရိုက်ခဲ့သည်။

ထူးမြတ်ကလည်းအဘိုးသင်ပေးတဲ့အတိုင်းတ
သွေမတိမ်းလိုက်နာသည်။အဆံမရှိရင်တောင်
ဟန်ရှိရမယ်မဟုတ်လား။ရှုတည်တည်နဲ့ပဲစမတ်
ကျကျနေသည်။စကားတစ်ခွန်းမှမဟ။မာနကြီးလွန်းလို့စကားမပြောတာမဟုတ်။သူ့ဘက်က
ပြောစရာစကားတစ်ခွန်းမှကိုမရှိလို့မပြောတာ
။ပြောစရာရှိတာမှန်သမျှအဘိုးကပဲဒိုင်ခံပြော
သည်။

မီဒီယာသမားတွေကထူးမြတ်ကိုပဲဦးတည်ပြီးဓာတ်ပုံတွေ၊ဗွီဒီယိုတွေရိုက်ကြသည်။ဧည့်ခံပွဲမှာထူးမြတ်ကဝိုင်ခွက်ကိုင်တာကအစ စမတ်ကျသည်။အဘိုးသင်ပေးတဲ့အတိုင်းဝိုင်ခွက်ကိုမော့လိုက်တိုင်းလျှာဆွတ်ရုံလေးတစ်ငုံပဲသောက်သည်။ဟန်ပြပဲသောက်ရမယ်လို့အဘိုးကသင်ပေးထားတာမဟုတ်လား။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့စကား
ပြောနေတဲ့အဘိုးကထူးမြတ်ကိုလှည့်ကြည့်ပြီး-

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Tempat cerita menjadi hidup. Temukan sekarang