“အုန်းနို့ကျောက်ကျောရွှေရင်အေး"
ရုတ်တရတ်ကြီးထအော်လိုက်တဲ့ကိုကို့ကြောင့်
စောညိုကကိုကို့ပါးစပ်ကိုလှမ်းပိတ်လိုက်သည်။“ကိုကိုမအော်နဲ့လို့”
“အော်မှာပဲ"
“မအော်ပါနဲ့ဆို”
“အော်မှာပဲ။ရွှေရင်အေးရမယ်…ရွှေရင်အေး"
“ဟာကိုကို…သူများတွေလန့်ကုန်မယ်"
“ဘယ်ကောင်ကလန့်မှာတုန်း။ငါ့ခြံထဲမှာငါ
အော်တာဘာဖြစ်တုန်း”“မဟုတ်ဘူးလေကိုကို…မူးနေပြီအိပ်တော့နော်”
“အိပ်ဘူး…အိပ်ချင်ဘူး။ရွှေရင်အေးရောင်းမှာ”
“ရွှေရင်အေးကရောင်းပြီးပြီလေ"
“အဲဒါဆိုငါ့ပိုက်ဆံတွေကဘယ်မှာလဲ"
“ဒီမှာ…ဒီမှာကိုကို့ပိုက်ဆံတွေ”
စောညိုကသူ့အိတ်ကပ်ထဲကပိုက်ဆံတွေအထပ်လိုက်ကြီးထုတ်ပြသည်။ကိုကိုနဲ့စောညိုကိုကြည့်ပြီးထွဋ်ခေါင်ရင်ထဲမကောင်းပေ။သူမရှိခဲ့တဲ့နေရာကွက်လပ်ကိုစောညိုကဖြည့်ပေးခဲ့တာပဲ။
အခုချိန်မှာကိုကို့ဘဝကအချမ်းသာကြီးမဟုတ်
ပေမဲ့တော်တော်ကြီးပြည့်ပြည့်စုံစုံနေနိုင်နေပါပြီ။ဒါပေမဲ့ကိုကို့ကိုကြည့်ရတာရွှေရင်အေးရောင်းခဲ့ရတဲ့ဘဝကိုမေ့ပုံမပေါ်။ရှစ်တန်းကျောင်းသားလူပျိုပေါက်အရွယ်မှာရွှေရင်အေးရောင်းပြီးမိသားစုကိုလုပ်ကျွေးခဲ့ရတာမို့မူးနေတဲ့အချိန်မှာငယ်ဘဝကိုပြန်သတိရနေပုံပေါ်သည်။လူငယ်ဘဝမှာပျော်စရာအမှတ်တရတွေမရှိခဲ့တဲ့ကိုကို့အတွက်
ထွဋ်ခေါင်ဝမ်းနဲမိသည်။ကိုကိုကစောညိုထုတ်ပေးထားတဲ့ပိုက်ဆံတွေကိုရေတွက်နေသည်။ပြီးတော့ပိုက်ဆံကိုအပုံ
လေးတွေပုံသည်။“ဒါကညီလေးကိုကျောင်းမုန့်ဖိုးပေးဖို့"
“ဒါကအမေ့ကိုမီးဖိုချောင်စရိတ်ပေးဖို့”
“ဒါကစုမြတ်ကိုဒေါက်ဖိနပ်ဝယ်ပေးဖို့"
“ဒါက…ဒါက…ကောင်းမြတ်ကိုဂျူ တီကုတ်ဝယ်
ပေးမယ်။ကောင်းမြတ်ကအခုဆိုရင်ဆရာဝန်ဖြစ်နေလောက်ပြီ"
BẠN ĐANG ĐỌC
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Tiểu Thuyết Chung*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*