နှင်းဆီမောင်ကမီးပုံပွဲလုပ်ကြမယ်။ငါးကင်တွေကင်စားကြမယ်ဆိုပြီးထမင်းဆိုင်ဘက်ကလူတွေကိုအိမ်မကြီးဘက်ခေါ်သွားသည်။ထွဋ်ခေါင်အန္တရာယ်ကင်းကင်းနဲ့အိမ်မကြီးဆီချဉ်းကပ်
လာခဲ့သည်။ဂိုထောင်သော့ကိုဖွင့်လိုက်တော့
အလွယ်တကူပဲပွင့်သွားသည်။ခွေးကြီးညိုတုတ်ကစားပွဲသောက်ပွဲရောက်နေတာမို့သူ့ကိုနှုတ်ဆက်မဲ့သူတောင်မရှိ။ထွဋ်ခေါင်ဂိုထောင်ထဲဝင်လာပြီးအသင့်ပါလာတဲ့မီးသီးလုံးလေးကိုထွန်းလိုက်သည်။အခန်းထဲကိုဝေ့ကြည့်လိုက်တော့သစ်သားတွန်းလှည်းလေးကိုတွေ့သည်။ဟောင်းနွမ်းနေပြီဖြစ်တဲ့ဖေဖေဟန်
သာရဲ့တွန်းလှည်းလေး။ရွှေရင်အေးရောင်းတဲ့တွန်းလှည်းလေး။သူတွန်းလှည်းလေးကိုတယုတယနဲ့ကိုင်ကြည့်မိသည်။ဖေဖေဟန်သာကဒီတွန်းလှည်းလေးနဲ့သူတို့မိသားစုကိုဈေးရောင်းကျွေးခဲ့သည်။ဖေဖေ
မရှိတော့ကိုကိုကမိသားစုတာဝန်ကိုဆက်ပြီးတော့ယူပေးခဲ့သည်။ထွဋ်ခေါင်တွန်းလှည်းလေးကိုကိုင်ကြည့်ရင်းမီးလုံးလေးကိုတွန်းလှည်းပေါ်တင်လိုက်သည်။ဂိုထောင်ထဲလှည့်ပတ်ကြည့်တော့ဂျပ်ဖာပုံးတွေအထပ်လိုက်ကြီးတွေ့ရသည်။ပြီးတော့သေတ္တာတစ်လုံး။သော့ခတ်ထားသည်မို့ဂိုထောင်သော့နဲ့တွဲထားတဲ့သော့လေးကိုသတိရသွားသည်။ထွဋ်ခေါင်သေတ္တာသော့ကိုဖွင့်ကြည့်လိုက်သည်။သူငယ်ငယ်ကသုံးခဲ့တဲ့အသုံးအဆောင်ပစ္စည်းလေး
တွေကိုတွေ့ရသည်။သူ့ရဲ့အဝတ်အစား၊ကျောင်းဝတ်စုံ၊ကျောင်းလွယ်အိတ်၊ထမင်းဘူး၊ကျောင်းစာအုပ်တွေအပြင်
သူ့ရဲ့မိုးကာအင်္ကျီလေးရော၊ဦးထုပ်လေးရော၊
ဖိနပ်အဟောင်းလေးရော…“အား…"
ရင်ဘတ်ထဲကစူးအောင့်လာတာကြောင့်ထွဋ်ခေါင်ရင်ဘတ်ကိုဖိကာငုတ်တုတ်ထိုင်ချလိုက်ရသည်။စိတ်ကိုငြိမ်အောင်ထားပြီးအသက်ကိုပုံမှန်ရှူရသည်။သူဘာလို့ရင်ဘတ်ထဲကစူးအောင့်နေရတာလဲ။ပုံမှန်လေးဖြစ်သွားတော့မှထွဋ်ခေါင်မတ်
တပ်ထရပ်လိုက်သည်။ဂျပ်ဖာပုံးတွေအထပ်လိုက်ကြီးထဲကအနီးဆုံးမှာရှိနေတဲ့ပုံးကိုဖွင့်ကြည့်သည်။ဂျပ်ပုံးကပါကင်ပိတ်ထားတာမို့ခက်ခက်ခဲခဲနဲ့ဖွင့်ရသည်။
CZYTASZ
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
General Fiction*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*