အခန်း(၅၆)

228 25 2
                                    

ထွဋ်ခေါင်သူ့အဘိုးမျက်နှာကိုသေချာစိုက်ကြည့်
ပြီးမယုံကြည်နိုင်သည့်လေသံနှင့်မေးမိသည်။

“အဘိုးကကိုကို့ကိုရွေးလိုက်တာလား"

“ဒါပေါ့။ငါလိုစီးပွားရေးသမားကစီးပွားရေးမျက်စိနဲ့ကြည့်တော့ငါ့လိုလူမျိုးကိုပဲမြင်တယ်။မင်းကတော့ငါ့မြေးဆိုပေမဲ့ငါ့အလုပ်တွေလက်လွှဲပေးဖို့
မင်းမှာအရည်အချင်းမရှိဘူး"

ထွဋ်ခေါင်မျက်ခုံးအစုံမြင့်တက်သွားရသည်။

“ကျွန်တော်ကဆရာဝန်ဘွဲ့ရထားတဲ့သူပါနော်"

“No…no…မင်းရထားတဲ့ဘွဲ့ကဆေးကုတဲ့နေရာမှာပဲအသုံးဝင်တယ်။မင်းရဲ့ဆေးရုံကိုတစ်ခေါက်လိုက်ကြည့်လိုက်တာနဲ့မင်းရဲ့အရည်အချင်းကိုငါသိသွားပြီ။တစ်ဆေးရုံလုံးငါ့နာမည်တပ်ပြီးလှူထားတာကုသိုလ်ရပါတယ်။ဒါပေမဲ့မင်းလိုပရဟိတဆရာဝန်လက်ထဲငါ့လုပ်ငန်းတွေအပ်
လိုက်ရင်အကုန်အရင်းပြုတ်ပြီးဒေဝါလီခံရလိမ့်
မယ်"

“အဘိုးကလည်းအရင်းပြုတ်တဲ့အထိတော့
ကျွန်တော်မညံ့ပါဘူး"

“မညံ့ပေမဲ့မင်းမှာစီးပွားရေးအမြင်မရှိဘူးလေ။စီးပွားရေးအမြင်ရှိတဲ့မင်းအကိုဖက်လုံးကိုတော့ငါယုံကြည်တယ်။သူများဆီကသာရအောင်ယူမှာ။သူ့အိတ်ထဲကတော့အပါခံမဲ့ကောင်မဟုတ်ဘူး။ဒီကောင်ကငွေကိုငွေမှန်းသိတယ်။ငွေကိုတန်ဖိုးထားရကောင်းမှန်းသိတယ်။ငွေမက်တယ်။ဒါပေမဲ့ဒီကောင်ကပ်စေးမနဲဘူး”

ထိုစကားကိုတော့ထွဋ်ခေါင်ထောက်ခံမိသည်။ကိုကိုကငွေကိုဘယ်နေရာကရရ ရအောင်ရှာသည်။ပြီးတော့ပေးသင့်ပေးထိုက်တဲ့သူတွေကိုပေးကမ်းစွန့်ကျဲသည်။အဘိုးက-

“ဒီကောင်ကစီးပွားရေးအမြင်ရှိတယ်။ဘယ်လိုအနေအထားမျိုးမှာရောက်နေနေစီးပွားရေးမျက်စိနဲ့ကြည့်တယ်။သူငါ့ကိုမြင်တော့ရန်သူလိုမြင်နေလိမ့်မယ်လို့ငါထင်နေတာ…မဟုတ်ဘူးပဲ။သူကငါ့ကိုဘယ်လိုမြင်လဲသိလား”

ထွဋ်ခေါင်ခေါင်းရမ်းပြမိသည်။

“မသိဘူး"

“သူကငါ့ရဲ့လိုအပ်ချက်ကိုမြင်တယ်။အဲဒီလိုအပ်ချက်ကိုဖြည့်ဆည်းပေးပြီးငါ့ဆီကနေသူလိုချင်တာပြန်တောင်းတယ်။သူနဲ့ငါနဲ့ဆက်ဆံရေးကမေတ္တာနဲ့ပြုစုပေးရလောက်အောင်ချစ်ကျွမ်း
ဝင်မနေဘူး”

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Where stories live. Discover now