အခန်း(၅၁)

211 19 7
                                    

အဘိုးနဲ့ကိုကိုထမင်းဝိုင်းမှာမျက်နှာချင်းဆိုင်ထိုင်
ပြီးအကြည့်ချင်းစစ်တိုက်နေကြပြန်ပြီ။ထွဋ်ခေါင်
သိတာပေါ့။ညတုန်းကကိစ္စကြောင့်မကျေလည်
နေကြတာ။ခက်တာကလုပ်တဲ့သူကောခံရတဲ့သူကိုကောဘယ်သူ့ကိုမှဆုံးမလို့မရ။နှစ်ယောက်
လုံးကကိုယ့်ရဲ့အာဏာစက်အောက်မှာမရှိကြတဲ့သူတွေ။အခန့်မသင့်ရင်ကိုယ်တောင်သူတို့နှစ်ယောက်ဝိုင်းထောင်းတာကိုခံရနိုင်သည်။

ကိုကိုကအဘိုးကိုလျစ်လျူ ရှုပြီးထွဋ်ခေါင်ကိုလှည့်ကြည့်သည်။ပြီးတော့ပြုံးသည်။ထွဋ်ခေါင်ကဆေးရုံသွားမှာမို့ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးထားသည်။မျက်နှာကိုလည်းအစိုဓာတ်ထိန်း cream ပွတ်ထားသည်မို့မျက်နှာကသစ်လွင်လန်းဆန်းနေသည်။အဖြူ ဆွတ်ဆွတ်ရှပ်အင်္ကျီကိုဝတ်ထားတော့အသားဖြူ တဲ့လူမို့ထွဋ်ခေါင်ပုံစံကကြည်လင်ရှင်းသန့်နေပေသည်။

“ညီလေးကောင်းမြတ်…မင်းကတစ်နေ့တခြား
ပိုပိုချောလာသလိုပဲ"

တခြားလူတွေအမြင်မှာထူးမြတ်ရဲ့စကားကသာမန်လို့ထင်ရပေမဲ့ဦးတိုင်းကျော်ကတော့မြွေမြွေ
ချင်းမို့ခြေမြင်သည်။သူကချက်ချင်းပဲတုံ့ပြန်လိုက်သည်။

“ငါ့မြေးလေးထွဋ်ခေါင်ကအဘိုးနဲ့တူလို့အမြဲတမ်းချောနေတာပဲ"

“ငါ့ညီကောင်းမြတ်လေး…အကို့လက်ပေါ်ကြီးလာရလို့အရမ်းလိမ္မာတာ"

“ငါ့မြေးထွဋ်ခေါင်လေး…အဘိုးလက်ပေါ်ကြီးလာရလို့အရမ်းတော်တာ။အတန်းတိုင်းမှာပထမ"

ထူးမြတ်ကထွဋ်ခေါင်ရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးရင်း-

“ငါ့ညီကောင်းမြတ်လေး"

“ငါ့မြေးကထွဋ်ခေါင်"

“ကျွန်တော့်ညီကကောင်းမြတ်"

“ဒုန်း"

“ဖြန်း"

အဘိုးကစားပွဲကိုလက်သီးနဲ့ထုတော့ကိုကိုက
စားပွဲကိုလက်ဝါးနဲ့ရိုက်သည်။စားပွဲပေါ်ကရေ
အပြည့်နဲ့ဖန်ခွက်ကမှောက်ကျသည်။ထွဋ်ခေါင်လည်းထမင်းစားရတာမြိုမကျတော့။

“အဘိုးနဲ့ကိုကိုခဏလောက်ငြိမ်ပေးလို့မရဘူးလား"

“မရဘူး"

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Tahanan ng mga kuwento. Tumuklas ngayon