စောညိုကအိမ်အပြင်ဘက်မြေကွက်လပ်မှာမီးသွေးဖိုအကင်စက်လေးနဲ့အသားတွေမီးကင်နေသည်။ဖြိုးသော်ကစောညိုနားမှာတောက်တဲ့လိုတွယ်ကပ်နေသည်။စောညိုအဆင်သင့်ပြင်ဆင်
ပြီးလောက်တဲ့အချိန်မှာကိုကိုကစောညိုနားသွားထိုင်သည်။ကိုကိုအိမ်ပြင်ထွက်သွားတာနဲ့ထွဋ်ခေါင်လည်းအိမ်ပေါ်တက်ပြီးစာကြည့်ခန်းထဲဝင်ခဲ့သည်။စုမြတ်ဟန်သာလည်းနောက်ကကပ်ပါလာသည်။စာကြည့်ခန်းကသူတို့မောင်နှမနှစ်ယောက်ကို
ကိုမသိအောင်ခိုးတွေ့ကြတဲ့နေရာဖြစ်သည်။အခန်းထဲရောက်တော့ထွဋ်ခေါင်ကနှစ်ယောက်မရှိတဲ့ညီမလေးကိုသူ့ပေါင်ပေါ်မှာထိုင်ခိုင်းပြီးအချိန်အတော်ကြာအောင်ဖက်ထားမိသည်။“ကိုကိုလေး"
“ဟင်"
“ကိုကိုကြီးကိုဘယ်တော့ဖွင့်ပြောမှာလဲ"
“ဘယ်တော့မှမပြောဘူး"
“ဘာလို့လဲဟင်”
“အကိုကအချိန်တန်ရင်ပြန်ရမှာ။ကိုကို့ကိုညီတစ်
ယောက်ဆုံးရှုံးရတဲ့ဝေဒနာထပ်ပြီးတော့မခံစားစေချင်ဘူး။သူစိမ်းတစ်ယောက်အနေနဲ့ပဲကိုကို့ကိုချစ်ပြတော့မယ်။အကိုပြန်သွားရင်ကိုကိုကဧည့်သည်တစ်ယောက်ပြန်သွားသလိုမျိုးပဲဘာမှမခံ
စားရစေချင်ဘူး”“ကိုကိုကြီးကကိုကိုလေးကိုအမြဲတမ်းသတိရနေခဲ့တာ"
“သိတယ်။ပြန်တွေ့ရလိမ့်မယ်လို့တော့မျှော်လင့်မထားဘူးမို့လား”
“အင်း…”
“မမျှော်လင့်တာပဲကောင်းပါတယ်။အကို့အဘိုးကအရမ်းအတ္တကြီးတယ်။အကို့ကိုနှစ်နှစ်ပြည့်ရင်ပြန်ခေါ်မှာ။အကိုပြန်မလိုက်ရင်ကိုကို့ကိုထောင်ထဲထည့်လိမ့်မယ်။ကိုကိုဒုက္ခရောက်မှာကိုညီမလေးလည်းမကြည့်ရက်ဘူးမို့လား"
“အင်း"
“ဒါကြောင့်ညီမလေးကဆက်ပြီးတော့ဖုန်းကွယ်
ထားပေး။ကိုကိုလည်းညီလေးမရှိတာနဲ့နေသားကျနေပြီ။ညီလေးပြန်လာလိမ့်မယ်ဆိုတဲ့အိပ်မက်ကိုမမက်စေချင်တော့ဘူး။ကိုကိုဝမ်းနည်းနေမှာကိုမမြင်ချင်ဘူး”“အင်း"
“ညီမလေးကောအဆင်ပြေလား။ကိုကို့ကိုခေါ်သွားရင်ဒီမှာတစ်ယောက်တည်း"
YOU ARE READING
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
General Fiction*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*